မနက်စောစောစီးစီး ရန်စခံရမယ့်လိုတခါမှမတွေးမိသလို၊ အရင်တုန်းကနဲ့မတူဘဲ buiအကြောင်းတွေစိတ်ဝင်စားလာတဲ့bibleပုံစံကိုသဘောကျပင်မယ့် အခုလို အလကား‌ေနလိုက်ရန်လိုနေတာတော့သဘောမကျဘူး။ ရန်ကိုရန်ချင်းမတုန့်ပြန်သင့်ဘူးထင်လို့ ဆက်မပြောဘဲ အလုပ်သွားဖို့ အခန်းထဲကနေထွက်ခဲ့တော့တယ်။

Bible pov

ဒီရက်ပိုင်းလေး နားပါလို့ ငါပါးစပ်ကနေတောင် ကူညီပါ့မယ်ပြောတာကို စကားနားမထောင်ဘဲ အလုပ်သွားဖို့ပြင်နေတဲ့သူကို စိတ်တိုမိလိုက်တယ်။ ဒါမယ့် ငါ့ရန်တွေ့တာကိုမကြိုက်တဲ့ပုံမြင်ရတာ ဒါပထမဆုံးဘဲ။အရင်တုန်းက ဘာပြောပြောငြိမ်ခံနေတတ်တဲ့သူ၊ အခုလိုပြန်အော်ဖို့ဆိုတာ မသိတဲ့သူက ဘယ်ကနေ ဘယ်လိုသတ္တိတွေရလာတာလဲဆိုတာသိမှဖြစ်မယ်။

သူအပြုအမူကြောင့် ငါခနကြောင်သွားတယ်။ bui jakapan ကအခု Bible Wichapasဆိုတဲ့ငါ့ကိုလစ်လျူရှုသွားတာလား၊ ငါ့စကားကိုမကြားတာလား ?မကြားတာတော့မဖြစ်နိုင်ဘူး ငါ့အသံက ဟိုဘက်ရပ်ကွက်ကနေတောင်ကြားနိုင်တဲ့toneနဲ့အော်ပြောနေတာမို့လေ၊ တမင်မကြားချင်ယောင်ဆောင်သွားတာ၊ ငါ့ကိုဂရုမစိုက်ဘူးဆိုတဲ့အချိုးချိုးပြသွားတာဘဲ။

"ဟက်! Wichapas ကိုဒီလိုလာစမ်းလို့ဘယ်ရမလဲ၊ တွေ့ကြသေးတာပေါ့ jakapan ရယ် "

ထမင်းစားခန်းထဲမှာ မနက်စာစား‌ေအး‌ေဆးစား‌နေတဲ့သူ့ပုံစံကို မြင်တော့ ဒေါသကပိုအလိပ်လိုက်ထွက်လာတော့တယ်။ ခါတိုင်းဆို ငါဆင်းလာတဲ့အထိစောင့်ပြီး ‌စားတတ်တဲ့သူကလေ အခုတော့...

"Bui မင်းကို အလုပ်မသွားနဲ့‌လို့ ပြောနေတာမကြားဘူးလား "

အတတ်နိုင်ဆုံး လေသံကိုလျော့ကာပြောလိုက်တော့တယ်၊ မနက်စောစောကြီး ရန်လဲမဖြစ်ချင်သလို၊ ဒီထက်ငါ့ဒေါသကိုမထိန်းနိုင်ရင် ဘာလုပ်မိမလဲဆိုတ  ငါ့ကိုယ်တိုင်အာမမခံနိုင်သလို၊ သူ့ဒဏ်ရာကလဲ သက်သာခါစဘဲရှိသေးတာမို့ စိတ်လျော့လိုက်ပင်မယ့်

"ကုမ္ပဏီမှာ အရေးတကြီးလက်မှတ်ထိုးဖို့ရှိတယ်၊ ပြီးတော့ နောက်လာမယ့် project အသစ်အတွက် အစုရှယ်ယာရှင်အစည်းအဝေးပွဲလဲရှိတာမို့ အဲ့အတွက်အခုကတည်းကပြင်ဆင်ရမှာ၊ အိမ်မှာနား‌ဖို့အချိန်မရှိဘူး "

HopeTempat cerita menjadi hidup. Temukan sekarang