✽ အပိုင်း ၁၅ ✽

Começar do início
                                    

" မမိုက်ရိုင်းစမ်းနဲ့ကွာ၊ အဖေနဲ့အမေအသက်ရှင်နေတုန်းက မင်းကိုအငယ်ဆုံးလေးဆိုပြီး တောက်လျှောက် လိုလေသေးမရှိအောင် မင်းလိုချင်တာမှန်သမျှ၊ သုံးဖြုန်းချင်တာမှန်သမျှ ဝယ်ပေးခဲ့တာပဲ၊ ငါကသားကြီး အစ်ကိုကြီးဆိုပြီး မင်းလောက်တောင် ပစားမပေးခံခဲ့ရဘူး၊ အဲ့တုန်းက ငါမင်းကို အခုလိုရန်တွေ့ခဲ့လို့လား၊ ငါ့ခံစားချက်တွေ မင်းသိဖို့ကြိုးစားခဲ့လား ... ခုအမွေရလို့ ငါ့ကိုများများရပိုင်ခွင့်ပေးသွားမှ ဘာနာလုံးပေါက်နေတာလဲ ... သောက်သုံးကဖြင့် တစ်စက်မှမကျဘဲမိဘလုပ်စားချည်းပဲထိုင်စားလာတဲ့သူတောင်းစား "

" ဟား ... ဒီခွေးသားကြီးတော့ "

" ** ဖြန် **နင် ငါ့ယောကျာ်းကို လာမမိုက်ရိုင်းနဲ့ တေလေဂျပိုးကောင် "

" နှစ်ယောက်သားတော့ "

ကိုအေးဖေဆိုသူက သူ၏အနောက်တိုင်းဘောင်းဘီခါးကြားထဲတွင် ဖွက်ယူလာခဲ့သည့်ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ ...

*** ဇွပ် ဇွပ် - ဇွပ်**

" မိန်းမ "

" ခွေးကောင်ကြီး ခင်ဗျားလည်းသေလိုက်"

** ဇွပ် ဇွပ် - ဇွပ် - ဇွပ် - ဇွပ် - ဇွပ် - ဇွပ် ဇွပ်**

" ဟားဟားဟား သေစမ်း၊ သေစမ်း သေသွားလိုက်၊ သေမှကောင်းတယ် "

ကောင်လေးမှာ သူ့မိခင်နှင့်ဖခင်ဖြစ်သူအား ဦးလေးဖြစ်သူမှ အမဲသတ်နေသကဲ့သို့ အညှာတာမဲ့စွာ၊ ရူးသွပ်စွာ သွေးများပန်းထွက်သည်အထိ ဓားဖြင့်အကြိမ်ကြိမ်ထိုးသတ်နေသောမြင်ကွင်းအား မြင်ခဲ့ရချိန်၌ တစ်ကိုယ်လုံးကျောက်ရုပ်ဖြစ်သွားသကဲ့သို့ အသိစိတ်လွတ်သွားလျက်။ အော်ဟစ်ကာ အကူအညီမတောင်းနိုင်ဘဲ နေရာမှာတင် ၁၀ မိနစ်လောက် ကြောင်အမ်းအမ်းဖြစ်နေခဲ့သည်။ ထို့နောက်တွင် အသိစိတ်ပြန်ဝင်လာခဲ့ကာ အသံလုံးဝမထွက်ရဲဘဲ လုံခြုံစွာပုန်းကွယ်နေခဲ့ရသည်။

ကောင်လေးခမျာ မျက်ရည်များစီးကျလာသော်လည်း အသံမထွက်မိလေအောင် သူ့လက်များဖြင့် ပါးစပ်ကို အတင်းပိတ်ထားရသည်။ တစ်ကိုယ်လုံးတုန်ယင်နေပြီး နှလုံးခုန်နှုန်းများက အတိုင်းထက်အလွန် ပေါက်ထွက်တော့မည့်အတိုင်း ခုန်လွန်နေရင်း။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Onde histórias criam vida. Descubra agora