✽ အပိုင်း ၆ ✽

Start from the beginning
                                    

သိမ်မွေ့စံနွယ်က နေဟန်မှိုင်းမျက်နှာကိုကြည့်ကာ မျက်လုံးလေးပေကလည် ပေကလည်နှင့် နှုတ်ခမ်းလေးကို အနည်းငယ်ဆူကာ ပြောနေသည်က ချစ်စဖွယ်။

နေဟန်မှိုင်းလည်း ရင်ခုန်မိပြီး မရိုးမရွဖြစ်ကာ ရှက်ရှက်နှင့်မျက်နှာလွှဲပြောပြန်သည်။

" အစ်ကိုလောက်တော့ လုပ်ပါ ... ဦးဆိုတာ အသက် ၄၀ လောက်မှ ခေါ်သင့်တယ်မလား၊ ဒီကငယ်သေးတယ် "

သိမ်မွေ့စံနွယ်မှာ နေဟန်မှိုင်း၏ပါးနှစ်ဖက်ကို အသည်းယားယားနှင့် ဆွဲညှစ်လိုက်သည်။ သူစကားပြောနေသည့်ပုံစံမှာ အလွန်ချစ်ဖို့ကောင်းသောကြောင့်ပင်။

" ဒါပေါ့ ... ဒါပေါ့၊ ခုမှငယ်ငယ်လေးရှိသေးတဲ့အမျိုးသားလေးကို ဦးလို့မခေါ်တော့ဘူး၊ အဲဒီအစား ကိုကိုလို့ပဲခေါ်မယ်လေ နော် ... ဟီးဟီး "

နေဟန်မှိုင်း၏ပျော်ကျသွားသော နှလုံးသားမှာ အရည်ကနေ အမှုန့်ဖြစ်ကာ အမှုန်များလေထဲ လွင့်စင်သွားလျက်။

" ကျစ် ... ဒီငစားမလေးကတော့၊ ကဲ မင်း အိမ်ဘယ်မှာလဲပြော၊ ငါလိုက်ပို့ပေးမယ်၊ စကားမများနဲ့တော့ "

နေဟန်မှိုင်းက စိတ်ရှုပ်သည့်ပုံစံနှင့်ပြောလိုက်ချိန်တွင် သိမ်မွေ့စံနွယ်မှာ ချက်ချင်းမျက်နှာထားတည်သွား၏။

" ဟွန်း ... ရပါတယ်၊ အဲ့လောက်ထိ နှင်ထုတ်စရာမလိုပါဘူးနော်၊ ဖြစ်ချင်ရာဖြစ် ကိုယ့်ဘာသာ လမ်းလျှောက်ပြန်တော့မယ် "

သိမ်မွေ့စံနွယ်မှာ သူမ၏ပိုက်ဆံအိတ်နှင့် ငွေသုံးသိန်းထုပ်ကိုယူကာ နေဟန်မှိုင်းကို မျက်စောင်းထိုးလျက် ကားပေါ်ကနေခြေဆောင့်ပြီး ဆင်းသွားခဲ့သည်။ ကားတံခါးကိုလည်း ဆောင့်ပိတ်လိုက်၏။

" ဟမ် "

ရုတ်တရက် အမူအရာ၊ အကြည့်နှင့်လေသံပြောင်းသွားသော သိမ်မွေ့စံနွယ်ကြောင့် နေဟန်မှိုင်းလည်း ကြောင်သွားသည်။ ယခုအချိန်သည် ည ၈ နာရီထိုးခံနီး အချိန်ဖြစ်သည့်အပြင် သူခေါ်လာခဲ့သည့်နေရာကလည်း လူသူပြတ်လပ်လွန်းသည်။ သူမတစ်ယောက်တည်း လမ်းလျှောက်ပြန်ပါက မသမာသူများနှင့်တွေ့နိုင်သည်။ ထို့ကြောင့် နေဟန်မှိုင်းမှာ အမြန်ကားစက်နှိုးလိုက်ပြီးလျှင် လမ်းလျှောက်နေသော သိမ်မွေ့စံနွယ်ဘေးကနေ အရှိန်အနည်းငယ်နှင့် ဖြတ်မောင်းလာသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now