✽ အပိုင်း ၁၄ ✽

Start from the beginning
                                    

" မင်းတို့က အရမ်းတွေအဆင့်မကျော်လွန်းသလိုပဲ၊ ငါတို့လင်မယားတောင် ၁၁ နှစ်ချစ်လာပြီးမှ စေ့စပ်ကြောင်းလမ်းရင်း လက်ထပ်ကြတာ"

ဦးစံကျော်ကပြောလျှင် ဒေါ်မာမိန်က လက်ကုတ်လိုက်သည်။

"ကျွန်မတို့ခေတ်နဲ့သူတို့ခေတ်က မတူတော့ဘူးလေ ... "

သိမ်မွေ့စံနွယ်လည်း နေဟန်မှိုင်းနှင့်လူကြီးများကိုကြည့်ရင်း ပြည်တည်တည်ပြုံးနေမိသည်။

" ဪ ..... ငါတို့တူမလေးလည်း လင်မလိုချင်ရှာဘူး၊ ယောင်းမမြင်းစီးထွက်မှာစိုးလို့သာ "

ဒေါ်လေးဥမ္မာမှာ မျက်နှာပိုးမသေသောသိမ်မွေ့စံနွယ်​၏မျက်နှာအမူအရာကို 'ပြောကိုမပြောချင်တော့ဘူး'ဟူသောမျက်လုံးအဓိပ္ပာယ်များဖြင့် စိုက်ကြည့်ကာ စကားကိုတန်းလန်းရပ်ပစ်လိုက်သည်။

" ဒေါ်လေးလို အနှစ် ၄၀ ကျော် ကျန်ရစ်ဘဝနဲ့တစ်သက်လုံးငှက်ပျောတုံးမဖက်ချင်လို့လေ "

သိမ်မွေ့စံနွယ်မှာ ရိသဲ့သဲ့လေသံလေးနှင့်ဒေါ်လေးဥမ္မာကိုပြန်ပြောလျှင် ဒေါ်လေးဥမ္မာမှာ သိမ်မွေ့စံနွယ်ကို 'နင်တော့လား'ဟူသောအကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ ဦးစံကျော်တို့လင်မယားကလည်း ကြိတ်ရယ်နေခဲ့လျက်။ ​နေဟန်မှိုင်းမှာ ရယ်ချင်သော်လည်း ရိုင်းပျရာရောက်မည်စိုးသဖြင့် ပြုံးစိစိနှင့်သာ။

ဤသို့ဖြင့် ကြိုတင်စေ့စမ်းကြောင်းလမ်းစကားအရာမှာ အောင်မြင်စွာအထမြောက်ခဲ့လျက်။

----

အချိန်ယန္တရားများကိုကျော်လွန်၍ ရည်းစားသက်တမ်း ၇ လကြာပြီးနောက် ...။

ညနေစောင်းအချိန်ပင်။ ကောင်းကင်တစ်ခုလုံးက မှောင်မည်းအုပ်ဆိုင်းနေလျက်။ မိုးများက သည်းထန်စွာ ရွာသွန်းနေသည်။ လမ်းမထက်က ထီးရောင်စုံနှင့်လူတို့သည် တစ်ကိုယ်လုံး မိုးရေများစိုမရွဲစေရန်အလို့ငှာ ပြေးလွှာနေကြသည်။ အားကောင်းငွေမိုးရေစက်များက အဝါကားမီးရောင်များကြောင့် ရွှေမိုးရေစက်များအသွင်သို့ ကူးပြောင်းလျက်ရှိနေ၏။

၅ နာရီကျော်မှ ရုံးဆင်းရသော သိမ်မွေ့စံနွယ်မှာ ရုံးအပေါက်အဝတွင် နေဟန်မှိုင်းမှ ကားဖြင့်လာကြိုမည်ကို စောင့်ဆိုင်းနေခဲ့သည်။ နေဟန်မှိုင်းလည်း မိုးသည်းထန်မှုကိုအံတုကာ သူမလေးရှိရာသို့ ကားကိုအသည်းအသန်မောင်းလာ၏။ ရုံးရှေ့သို့ ကားရောက်သောအခါ သိမ်မွေ့စံနွယ်မှာ ထီးဖွင့်ဆောင်းလျက် နေဟန်မှိုင်း၏ရှေ့ကားတံခါးကို ဆွဲဖွင့်ကာ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ခလုတ်ထီးကို ဆတ်ခနဲ ပိတ်ပြီးလျှင် ခြေရင်း၌ အသာလေး ထောင်ထားလိုက်သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now