✽ အပိုင်း ၁၃ ✽

Magsimula sa umpisa
                                    

လူဆိုးမလေးလုပ်ချင်သော သိမ်မွေ့စံနွယ်မှာ အိမ်ပေါ်ကနေ မရမကဆင်းချလာခဲ့လျက်။

" သဲတုန် ... အိမ်ကအရမ်းစိတ်ပူနေမှာပေါ့၊ ပြန်လိုက်ပို့မယ်လေ၊ လူကြီးတွေက အတူတူနေဖို့ သဘောမတူတာကို အတင်းနေရင် ကိုကို့ကိုလည်း အယုံအကြည်ပျက်ကြမှာ "

နေဟန်မှိုင်းမှာ သူမ၏ခေါင်းလေးကိုပုတ်လျက် ချော့ပြောသည်။ သိမ်မွေ့စံနွယ်က အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ...

" လူကြီးတွေက အတူတူနေပြီဆိုရင် သူတို့စိတ်ထဲတစ်ဆုံးတွေးကြတာ အဆင်မပြေဘူး ကိုက်ိုရယ် ... ဖြူဖြူစင်စင်နေတာပါပြောလည်းမရ "

နေဟန်မှိုင်းက သက်ပြင်းရှည်ရှည်ချလိုက်ပြီး သူမ၏မျက်ဝန်းများကို စိုက်ကြည့်နေခဲ့သည်။

" သဲတုန်အိမ်ကို ဖုန်းဆက်ပေးမယ် "

" ဖုန်းဆက်ပြီး ဘာပြောမလို့လဲ ... "

သူမက သူ​၏တည်ငြိမ်အေးချမ်းသောမျက်လုံးများကို သိလိုစိတ်ဖြင့် ပြန်ကြည့်နေသည်။

" စိတ်မပူနဲ့ ... မနက်ကျအိမ်ကိုနှစ်ယောက်သားလာမယ်လို့၊ အိမ်ရောက်ရင် ကြိုစေ့စပ်ဖို့ကိစ္စအတွက် လူကြီးတွေကိုနားချပေးမယ်၊ ကိုကို စဥ်းစားနေခဲ့တာကြာပါပြီ၊ စေ့စပ်ဖို့အတွက်ကိုပေါ့၊ ခက်တာက ကိုယ့်ဘက်က အသိသက်သေလုပ်ဖို့ လူကြီးလူကောင်းမရှိနေတာ... စေ့စပ်ပွဲလုပ်ရင် သျှန့်ကိုပဲ အသိသက်သေလုပ်ခိုင်းလိုက်မယ် "

" အဲဒါအကောင်းဆုံးပဲ ... "

" ခု လူကြီးတွေနဲ့ဖုန်းပြောလိုက်မယ်နော် "

နေဟန်မှိုင်းက သိမ်မွေ့စံနွယ်၏ခေါင်းကလေးကို ပုတ်လိုက်ပြီးနောက် စားပွဲခုံငယ်ပေါ်က ဖုန်းကိုယူလိုက်သည်။ သိမ်မွေ့စံနွယ်၏လူကြီးများအနေဖြင့် နေဟန်မှိုင်းနှင့်ပတ်သက်၍ သူဟာ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သောအချက်ကလွဲလျှင် တခြားအကြောင်းအရာများသည် မုသားဖြူများသာ။

နေဟန်မှိုင်းလည်း ဦးစံကျော်နှင့်ဖုန်းပြောခဲ့ပြီး သေချာဖြေရှင်းလိုက်သည်။ ဖုန်းဖြေဆိုချိန်မှာ ၁ နာရီကြာမြင့်ခဲ့လျက်။ သိမ်မွေ့စံနွယ်က ဘေးကနေကပ်နားထောင်နေသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Tahanan ng mga kuwento. Tumuklas ngayon