✽ အပိုင်း ၁၂ ✽

Start from the beginning
                                    

ဤသည်မှာ နေဟန်မှိုင်းနှင့်သျှန်တို့၏သူငယ်ချင်းဇာတ်လမ်းပင်။

----

' Room No 3211 '

နေဟန်မှိုင်းက အခန်းတံခါးခေါက်လိုက်ချိန်တွင် ဦးစံကျော်မှာ တံခါးဖွင့်ပေးခဲ့သည်။

" ဟား .... တူချောကြီးပါလား၊ တူမလေးကို လာတွေ့တာလား "

​ဦးစံကျော်မှာ နေဟန်မှိုင်းကိုမြင်လျှင်မြင်ချင်း ဝမ်းသာပီတိဂွမ်းဆီထိသွားပြီး ဆွဲဖက်ခဲ့သည်။ နေဟန်မှိုင်းလည်း ဦးစံကျော်၏အပြုအမူကြောင့် မျက်လုံးလေးပေကလည်နှင့် ပြည်တည်တည်ပြုံးမိသည်။ ဒေါ်မာမိန်နှင့်ဒေါ်လေးဥမ္မာတို့ကလည်း နေဟန်မှိုင်းလာသည်ကိုမြင်လျှင် ထိုင်ရာကနေ ထသွားခဲ့သည်။

သိမ်မွေ့စံနွယ်မှာလည်း သူမလွမ်းနေရပါသောအမျိုးသားလေးကိုမြင်မြင်ချင်း မျက်နှာမှာ နွေဦးပန်းပွင့်လေးကဲ့သို့ လန်းဆန်းသွားလျက်။

နေဟန်မှိုင်းက ပြန်ဖြေခဲ့သည်။

" ဟုတ်ပါတယ် ... မွေ့စံနေမကောင်းဘူးဆိုလို့ "

" မင်းလာတာနဲ့အတော်ပဲကွာ၊ ငါတို့မွေ့စံလေးက ဒီရက်တွေ အစားကောင်းကောင်းမစားဘူး၊ မင်း သူ့ကိုအစားဝင်အောင် ချော့ကျွေးကြည့်ပါလား "

" ဟုတ်လား "

နေဟန်မှိုင်းလည်း သိမ်မွေ့စံနွယ်၏ကုတင်ဘေးနားကို ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်သွားသည်။ သူမ၏ဖြူရော်ရော်ပါးပြင်လေးနှစ်ဖက်ကို သူ၏လက်အပြည့်ဖြင့် အသာအယာကိုင်လိုက်ရင်း ...

" တောင်းပန်ပါတယ် ... ဒီအတောအတွင်း ဂရုမစိုက်နိုင်ခဲ့လို့၊ စာလေးတစ်ကြောင်းတောင် မပို့နိုင်ခဲ့လို့လည်း အားနာပါတယ်၊ မွေ့စိတ်ပူနေမယ်မှန်းသိပေမဲ့ ကိုယ့်ဘက်ကကိစ္စတွေကြောင့် သုံးနေကျဖုန်းကို တိုက်ခန်းမှာထားခဲ့ပြီး ခရီးလွန်နေခဲ့တာ၊ မွေ့ နေကောင်းသွားရင် ပြောပြမယ်နော်၊ ခုရော ဘာစားပြီးပြီလဲ၊ မွေ့ဘာစားချင်လဲ၊ ဒီတောအတွင်း ကိုကို့ကို စိတ်ဆိုးနေခဲ့လား"

နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်၏အုပ်ထိန်းသူများရှေ့တွင် တစ်ချက်လေးမှ ဟန်မဆောင်နိုင်ဘဲ စကားများရေခရားလွှတ်သကဲ့သို့ ဆက်တိုက်ပြောနေခဲ့လျှင် အုပ်ထိန်းသူ သုံးယောက်မှာလည်း မျက်နှာစပ်ဖြီးဖြီးနှင့်၊ ဝင်းလက်သောမျက်လုံးများဖြင့် သူတို့နှစ်ယောက်ကို ကြည့်နေခဲ့ကြသည်။ သိမ်မွေ့စံနွယ်မှာ အုပ်ထိန်းသူများရှိနေသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်နေမိသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now