✽ အပိုင်း ၈ ✽

Start from the beginning
                                    

လူသူကင်းရှင်းပြီး မှောင်မိုက်နေသောနေရာတစ်ခုသို့ရောက်သောအခါ ကားစက်ရပ်ခဲ့ပြီး အမှောင်ထုထဲတွင် အလင်းရောင်ရှိနေစေရန် ကား၏ရှေ့မီးလုံးများကို ဖွင့်ထားခဲ့သည်။ ထို့နောက် ကားနောက်ခန်းမှ မေ့မြောနေသောလူအား မြေကြီးပေါ်သို့ဆွဲချခဲ့ပြီးနောက်တွင် သူကြိုတင်တူးဆွထားခဲ့သော လူတစ်ကိုယ်စာကျင်းတစ်ခုနားသို့ ထိုလူအားချထားခဲ့သည်။

ထို့နောက် သူ့ဘောင်းဘီနောက်အိတ်ကပ်ထဲက ဓားကိုဆွဲထုတ်ခဲ့ပြီး မေ့နေသောလူ၏လည်ပင်းကို လှီးဖြတ်ခဲ့ကာ ထိုသူ၏နှလုံးဘက်ခြမ်း ဘယ်ဘက်ရင်အုံကိုလည်း အားဖြင့်ဆောင့်ထိုးခဲ့သည်။ ပြီးလျှင် အလောင်းနှင့် မေ့ဆေးပဝါအား ကျင်းထဲသို့ ပစ်ချလိုက်ပြီး အလျင်အမြန်မြေဖို့ခဲ့သည်။

ဤသို့ဖြင့် မြေကိုသေသပ်စွာ ဖို့ခဲ့ပြီးနောက် သူ့ကိစ္စတစ်ခု ပြီးမြောက်သွား၍ စိတ်ကျေနပ်နေခဲ့၏။ မကြာခင်တွင် သူ့တိုက်ခန်းသို့ ပြန်ရောက်ရှိလာခဲ့သည်။

အချိန်မှာ ည ၁၂ နာရီကျော်နေပြီ။ သို့သော်လည်း သူရေချိုးခဲ့သည်။ ရေချိုးခန်းထဲမှ ထွက်လာပြီးလျှင် စွပ်ကျပ်နှင့်ဘောင်းဘီကို ဝတ်ခဲ့ပြီး အိပ်ရာပေါ်သို့ ပစ်လှဲခဲ့သည်။ ခေါင်းအုံးဘေးနားက နံ့သာရောင်ခေါင်းစည်းကြိုးလေးကိုယူပြီး သူ၏လက်တွင်ပတ်ခဲ့သည်။

လက်ကခေါင်းစည်းကြိုးလေးကို ပီတိများစွာဖြင့် တစိမ့်စိမ့်ကြည့်ခဲ့ပြီးနောက် ရင်ထဲတွင်နွေးတေးတေးဖြစ်နေခဲ့လျက်။ သိမ်မွေ့စံနွယ်နှင့်ပတ်သက်သည့် အတွေးများကလည်း သူ့ခေါင်းထဲတွင် အစီအရီပေါ်လာခဲ့၏။

သူမနှင့်ဘဝတစ်ခုကို တည်ဆောက်မည်ဆိုလျှင် သူ့အနေဖြင့် သမ္မာအာဇီဝဖြင့် စီးပွားရေးလုပ်နိုင်ရတော့မည်။ ထို့အပြင် ခေတ်ပညာလည်း တတ်ထားရပေမည်။

သူသည် ၅ တန်းနှင့်ကျောင်းပညာရေး ရပ်တန့်ခဲ့သောသူဖြစ်သည်။ သို့သော်လည်း ငှက်အော်စမ်းတွင်မူ ဆက်လက်ပညာသင်ယူခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ထိုအချိန်က သူထွက်မပြေးခဲ့ဘဲ ပညာဆက်သင်ခဲ့ပါက အထက်တန်းအထိပြီးမြောက်နိုင်သည်ဆိုသော်လည်း ထွက်ပြေးဖို့ အခွင့်အရေးရခဲ့သဖြင့် ထွက်ပြေးခဲ့ခြင်းပင်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now