✽ အပိုင်း ၃ ✽

Start from the beginning
                                    

" ဂလု "

ထိုစဥ် နေဟန်မှိုင်း၏ဘယ်လက်က ရုတ်တရက် သိမ်မွေ့စံနွယ်၏လည်ပင်းကို ဆတ်ခနဲညှစ်လိုက်သည်။

" အ .... "

သိမ်မွေ့စံနွယ်လည်း လည်ပင်းနာကျင်လာသဖြင့် ရုန်းကန်နေခဲ့သည်။ သို့သော်လည်း သူ့လက်များက သူမဖယ်ရှားလို့မရအောင် လက်ဖဝါးများက ဗြန့်ကျယ်ပြီး လက်ချောင်းများကသန်မာလွန်းသည်။

အညိုရင့်ရောင်နေကာမျက်မှန်အောက်က နေဟန်မှိုင်း၏စူးရှတောက်ပနေသော အေးစက်စက်မျက်လုံးများကို သိမ်မွေ့စံနွယ် မြင်နေရသည်။

" မင်းက အရမ်းသတ္တိကောင်းနေတာလား မိန်းကလေး၊ မင်းအနေနဲ့ ငါ့ကိုလာပတ်သတ်စရာ ဘာစောက်ကြောင်းမှ မလိုဘူး၊ ငါ စကားအများကြီးပြောရတာကို မုန်းတဲ့လူ၊ ဒါနောက်ဆုံးပဲ၊ မသေချင် လစ်လိုက်တော့ "

နေဟန်မှိုင်းက သူမလည်ပင်းကိုညှစ်ထားသောလက်ချောင်းများကို ဖြေလျော့ပေးလိုက်ပြီးနောက် အေးစက်စွာ မတ်တပ်ရပ်နေခဲ့သည်။ သိမ်မွေ့စံနွယ်လည်း အသက်ဝဝရှူနေရသည်။ နေဟန်မှိုင်းက သူမရှေ့မှာ တစ်စက္ကန့်ကလေးတောင် အချိန်မဖြုန်းတော့ဘဲ ထွက်ခွာသွားခဲ့၏။ သိမ်မွေ့စံနွယ်လည်း မတ်တပ်ရပ်နေရာမှ နေရာမှာတင် ထိုင်ချပစ်ကာ လမ်းကြားထဲတွင် ကျယ်လောင်စွာ အော်ငိုနေခဲ့တော့သည်။

ကျယ်သည်ထက် ပိုကျယ်လောင်သော သူမ၏ငိုသံကြောင့် လမ်းအတွင်းကလူများကလည်း အသံလာရာကို အာရုံစူးစိုက်နေခဲ့ကြသည်။ ထို့အပြင် နောက်ဖေးလမ်းကြားတိုက်ရှိ ပြတင်းပေါက်များကနေလည်း လူများထွက်ကြည့်လာကြသည်။ နေဟန်မှိုင်းမှာ သူ့ပါးစပ်ကို တင်းတင်းစေ့ပြီး အံကြိတ်လိုက်လျက် သူ့လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီးနောက် သူမဆီသို့ သွားခဲ့သည်။

လမ်းကြားထဲတွင် ချုံးပွဲချငိုယိုနေသောသိမ်မွေ့စံနွယ်ကိုမြင်လျှင် သက်ပြင်းချမိသည်။

" ကျစ် ... အဲ့လောက်အာဗြဲပြီး အော်ငိုမနေစမ်းနဲ့၊ မင်း မရှက်ဘူးလား "

" အီး ..... ဟီး.... အဟင့် .... "

နေဟန်မှိုင်းလည်း စိတ်မရှည်လာကာ သူမ၏လက်ညာကိုဆွဲကိုင်လိုက်ပြီး အပြင်သို့ခေါ်ထုတ်လာခဲ့သည်။ လူများက သူမတို့ကို ဝိုင်းကြည့်နေခဲ့ကြသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now