✽ အပိုင်း ၁ ✽

Start from the beginning
                                    

" ဒီတစ်ခေါက် မင်းတို့ခေါ်လာတဲ့ကလေးမလေးတွေက အလှလေးတွေပဲ "

​ထိုစဥ် လှောင်အိမ်ပြင်ပရှိ အခန်းထောင့်တစ်နေရာတွင် အသက်ငယ်ငယ်အမျိုးသားတစ်ယောက်က မတ်တပ်ရပ်ကာ ဆေးလိပ်ဖွာရှိုက်နေခဲ့သည်။ မိန်းကလေးများကို တဏှာမျက်လုံးများဖြင့် ကြည့်ရှုစစ်ဆေးနေသည့်ဂိုဏ်းခေါင်းဆောင်ကို မျက်ထောင့်နီဖြင့် အေးစက်စွာ ကြည့်ရှုနေခဲ့၏။ ထိုသူသည် ကြေးစားလူသတ်သမားတစ်ဦးဖြစ်ပြီး ၎င်းဂိုဏ်းခေါင်းဆောင်၏ အထူးကိုယ်ရံတော်အနေဖြင့် အလုပ်ခန့်အပ်ထားခြင်းခံရသည်မှာ ၃ လကျော်ရှိပြီဖြစ်သည်။

တစ်နည်းအားဖြင့် ဂိုဏ်းခေါင်းဆောင်မှ အလွန်ယုံကြည်အားကိုးရသူလည်းဖြစ်၏။ သူသည် အသက် ၁၀ နှစ်ကတည်းကပင် လူသတ်မှုဖြင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အသက် ၁၄ နှစ်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ အသက် ၁၆ နှစ်အရွယ်ရောက်သော် ထပ်မံ၍လူသတ်မှုကျူးလွန်ခဲ့ပြီးနောက်တွင် ဒုစရိုက်လောကထဲသို့ ဝင်ရောက်လာသည့်အချိနိမှစတင်ကာ ကြေးစားလူသတ်သမားအဖြစ် နာမည်ကြီးလာခဲ့သူပင်။

ထိုသူ၏အမည်ကား နေဟန်မှိုင်းဖြစ်လျက်။

" ကဲ ... ဒါဆို ငါစိတ်ချလက်ချထားခဲ့မယ်၊ မင်းတို့သေချာစောင့်ကြည့်ထားလိုက်ကြ၊ ပါကင်လေးတွေကို ထိဖို့မကြံနဲ့နော်၊ ဖောက်သည်ဆီရောက်လို့ သူတို့ဆရာဝန်တွေနဲ့ စစ်ဆေးလို့မှ ပါကင်ဖောက်ထားတယ်ကြားရလို့ကတော့နော် အလောင်းတန်းစီသွားမယ် ... ပြည်မကြီးကပေါက်စီကောင်တွေက ပါကင်ဆိုသန့်ပြန့်နေမှ ကြိုက်ကြတာ၊ မင်းတို့ကြောင့် ငါနာမည်ပျက်ရင် မင်းတို့ကို ယမမင်းဆီပို့မှာ "

" ဟုတ်ကဲ့ Boss ... ကျွန်တော်တို့ကို စိတ်ချလိုက်ပါ "

ထိုဂိုဏ်းသားခြောက်ယောက်လည်း သူတို့၏ဂိုဏ်းခေါင်းဆောင်ကို ကြောက်ရသဖြင့် ရိုကျိုးစွာ နာခံခဲ့ကြပြီး ခေါင်းဆောင်ရှေ့တွင် အပိုးကျိုးကာ ငြိမ်ဝပ်ပိပြားနေခဲ့ကြသည်။

ဂိုဏ်းခေါင်းဆောင်လည်း မြေအောက်ခန်းထဲကနေ သူ၏လက်အောက်ငယ်သားများနှင့်အတူ ထွက်သွားခဲ့သည်။ နေဟန်မှိုင်းလည်း ဆေးလိပ်ကို မြေပြင်ပေါ်တွင် ပစ်ချလိုက်ပြီး ရှူးဖိနပ်ပြားဖြင့် နင်းချေပစ်ခဲ့သည်။ ထို့နောက် လှောင်အိမ်ရှေ့မှ ဖြတ်သွားကာ သူ၏ခေါင်းဆောင်နှင့် တခြားဂိုဏ်းသားများနောက်သို့ လိုက်သွားခဲ့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now