M-2

470 47 2
                                    

အခန်း ၂ ကွာရှင်းဖို့ ပြင်ဆင်ခြင်း
နောက်နေ့ ၁၀ နာရီ
ရှန်းရုံထင် နောက်နေ့ မနက်ခင်း ပုံမှန် အစည်းအဝေးတက်ပြီး ဥက္ကဌ ရုံးခန်းထဲ ပြန်သွားချိန် သူ့အတွင်းရေးမှူးက သူ့ကို အညိုရောင်ဖိုင်တစ်ခုပေးလာကာ "ဘော့စ် ဒါ မမလေး ပို့လိုက်တာပါ"
ဖွင့်ကြည့်လိုက်တော့ ကွာရှင်းစာချုပ်က သူ့မျက်လုံးထဲ ဝင်လာတော့သည်။
ထို့နောက် ထိုဖိုင်ကို စားပွဲပေါ် ပစ်ချလိုက်တော့သည်။
စိတ်တိုတာထက်တောင် ပိုသေးသည် အားနဲ့ အင်းကျီကြယ်သီးကိုဆွဲဖြည်လိုက်သည်။ မနေ့ညကတည်းက သူ ယုလန်ကြောင့် စိတ်တိုနေရတာပင်
ကွာရှင်းမယ်? ဘာကိုအားကိုးပြီး သူမဘက်က အရင်ကွာရှင်းဖို့ပြောရတာလဲ?
-
ယုလန် အိမ်ပြန်လာပြီး သူမ အဖေကို ရှန်းရုံထင်နဲ့ ကွာရှင်းဖို့အကြောင်း ပြောဖို့လာခဲ့သည်။
ဒါမဲ့ အစေခံတွေကိုမမြင်တာနဲ့ သူမလည်း စာကြည့်ခန်းကိုသာ တိုက်ရိုက်သွားလိုက်သည်။ ယုဘိုညန် နဲ့တွေ့ဖို့
မထင်ထားတာက စာကြည့်ခန်းအပြင်ဘက်မှာ သူမ တသက်လုံးမကြားသင့်တဲ့ စကားကို ကြားလိုက်ရတာပင်
"အဖေ သမီးက အခု ယုမိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်သွားပြီမလား?" သူမ ညီမရဲ့အသံပင်
"သေချာတာပေါ့ ယုလန် ရှန်းရုံထင်နဲ့လက်ထပ်တာ နှစ်နှစ်တောင်ရှိနေပြီ ပြီးတော့ သူမအမေ့က အဲ့အကျိုးဆက်ကို ခံရမှာလေ သူ့အမေ ရှယ်ယာတွေအကုန် အခု သမီးဟာတွေဖြစ်ကုန်ပြီ ပြီးတော့ အဖေ့ဟာတွေကလည်း သေချာပေါက် သမီးဟာပဲ"
"ကောင်းလိုက်တာ တကယ်လို့ သူ့အမေရဲ့ သေတမ်းစာကြောင့်သာမဟုတ်ရင် လွန်ခဲ့တဲ့ နှစ်နှစ်က ရှန်းရုံထင်နဲ့ ရင်းနှီးမှုအပေါ် ကြံစည်လို့ရမှာမဟုတ်ဘူး!"
"သူ့အမေက ယုလန်ကိုပဲ ဂရုစိုက်တော့ သူမ ချစ်တဲ့သူနဲ့ပဲ နေစေချင်တာလေ ပြီးတော့ ယုလန်လိုချင်တာကလည်း ရုံထင်ပဲလေ"
"အဖေ သမီး အခု သူ့အမေရှယ်ယာတွေ အကုန်ပြန်ရမှတော့ သမီး ရုံထင်ကိုပြန်လိုချင်တယ်!သူတို့ကို ကွာရှင်းစေချင်တယ်!"
"ရီရီ အခုက အချိန်ကောင်းမဟုတ်သေးဘူး ခနလောက်စောင့်ဦး ရုံထင်က ယုလန်ကိုမချစ်ဘူးလေ သိသားနဲ့ စိတ်အေးအေးထားစမ်းပါ"
"ဟင့်အင်း!သမီး စိတ်ပူတယ် ရုံထင်က သူလက်ထပ်လိုက်ကတည်းက ယောကျ်ားကောင်းဆိုတဲ့ ပတ်ဝန်းကျင်အမြင်ကို ဂရုစိုက်ဖို့ သမီးကို တမင်ရှောင်နေခဲ့တာ ဒီတိုင်းသာဆက်သွားနေရင် သမီးသူ့ကို ဆုံးရှုံးရလိမ့်မယ်!"
တံခါးအပြင်ကနေ ထိုစကားတွေကိုကြားလိုက်ချိန် သူမ ခေါင်းတွေမူးနောက်သွာသလိုပင် သူမ ကိုယ် ယိမ်းထိုးနေတော့သည်။ ကြမ်းပြင်ကို မကျအောင် သတိထားနေရတဲ့ထိ
သူမအဖေက သူမ အမေ ချန်ထားတဲ့ ရှယ်ယာတွေလိုချင်လို့ သူမအိမ်ထောင်ရေးနဲ့ပက်သက်ပြီး တမင် အကောက်ကြံကာ ကောလဟာလတွေ လွှင့်ခဲ့တာပင် သူမ ညီမကို ရှယ်ယာတွေ ပေးဖို့လေ!
အခု သူတို့က ရှယ်ယာတွေရတော့ သူမကို ကွာရှင်းစေချင်နေကြပြီ!
သူက သူမ ညီမ အတွက် အမွေတွေအကုန်ပေးပစ်မှာပေါ့!
သူမကကော?
အဲ့လိုသာဆို သူမ ရှန်းမိသားစုရဲ့ တစ်စိတ်တပိုင်းလည်းမဟုတ်တော့သလို ယုမိသားစုနဲ့လည်းမဆိုင်တော့ဘူး
သူတို့ ပြန်မပေးဆပ်ရဘဲ သူမ စီက ဘာကိုမှ အမြတ်ထုတ်ခွင့်ထပ်မပေးနိုင်တော့ဘူး!
ဘယ်တော့မှပဲ!
သူမ ချက်ချင်း ပြန်ကာ တက်စီငှားလိုက်သည်။ ရှန်းရုံထင်က ဖုန်းခေါ်လာခဲ့သည်။ "ငါအခု ဗျုရိုမှာ မင်း အခု လာခဲ့"
"ကွာရှင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး ကျွန်မ စကားကို ပြန်ရုတ်သိမ်းတယ်"
"ယုလန်!မင်း ငါ့ကို အရူးလုပ်တာပဲ!"
ယုလန် အသက်တောင် ကောင်းကောင်းမရှုနိုင်သေး ဖုန်းသံကကျယ်နေပေမယ့် သူမ သေချာတောင်မကြားနိုင်တော့
သူမလည်း ပြန်အော်တော့သည်။ "ရှန်းရုံထင်!အိမ်မက်မက်မနေနဲ့! ရှင်တို့နှစ်ယောက်ကို ဘယ်တော့မှ တူတူရှိခွင့်ပေးမှာမဟုတ်ဘူး! ကျွန်မ တနေ့သေသွားရင်တောင် ကျွန်မက Mrs ရှန်း အဖြစ်ပဲသေမှာ! ကျွန်မ ရှင့်ဘေးက နေရာကို သေတဲ့ထိ ဘယ်သူ့ကိုမှပေးမှာမဟုတ်ဘူး! ရှင်ကျွန်မကို ချစ် မချစ်လည်း ကျွန်မဂရုမစိုက်ဘူး! ကျွန်မအချစ်တွေကလည်း ဟိုးအရင်ကတည်းက သေသွားပြီ! ယုရီ နာကျင်ခံစားနေရတာကို ကျွန်မက စောင့်ကြည့်ဦးမှာ! သူချစ်တဲ့ယောကျ်ားကို သူဘယ်တော့မှ ပိုင်ဆိုင်ရမှာမဟုတ်ဘူး! ကျွန်မ လိုချင်တာက သူနာကျင်နေဖို့ပဲ! ရှင့်ကိုပေးဖို့ ကျွန်မကို ဒူးထောက်ပြီး တောင်းပန်နေမှာကိုလိုချင်တာ! ဒါမဲ့ ကျွန်မက ပေးမှာမဟုတ်ဘူး! သေတဲ့ထိ မကျေမနပ်ဖြစ်ပြီး သေသွားမှာကို ကြည့်ဦးမှာလေ"
ယုလန်ဖုန်းချလိုက်တော့သည်။
သူမ ရူးသွားပြီပင်! ဒေါသကြောင့်
တကိုယ်လုံး တုန်ယင်နေသလို သူမ နှလုံးသားကလည်း တစစီပင်!
ယုလန်အော်တာ ခံလိုက်ရတဲ့အချိန် ရုံထင် ဒေါသထွက်သွားတော့သည်။ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် သူပေါက်ကွဲဖူးတာပင်!
ယုလန်က ယုရီနဲ့ အဖေတူ အမေကွဲတွေမို့ မတည့်တာကို သူသိသည်လေ ဒါက ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေမှာပုံမှန်ပင်
ဆိုတော့ ယုလန်က သူ့ကို ၁၁ နှစ်လုံးချစ်လာတာက သူ့ညီမကို လက်စားချေချင်ရုံသက်သက်ပေါ့!
သူ့အတွေးတွေက သူ့နှလုံးသားထဲမှာ အက်တမ်ဗုံးလို ပေါက်ကွဲသွားတော့သည်။ အားနဲ့ လက်သီးဆုတ်လိုက်သလို သူ့လက်တွေက အားပြင်းလွန်းလို့ အဖြူရောင်ပြောင်းသွားတဲ့ထိပင်!

Love you more than I can Where stories live. Discover now