အခန်း၃၉(ဇာတ်သိမ်းပိုင်း)

32.4K 517 29
                                    

(unicode)

အဆင်းရဲ့မျက်နှာလေးသည် စတော်ဘယ်ရီအရောင်ဖြစ်နေတော့သည်။အပြင်က အသံဆာဆာလေးကို ကြားတယ်ဆို နီးစပ်ရာ ဂါဝန်တစ်ထည်ကောက်ဝတ်ပြီး တွန့်ကြေနေတဲ့ အိပ်ယာခင်းကို အမြန်ဖုံးဖိရပြီး နည်းနည်းကွက်ချင်နေတဲ့အိပ်ယာခင်းကြောင့် အတော်ဗျာများသွားရသည်။ဦးစက်ကတော့ ပုဆိုးသာပြင်ဝတ်ပြီး၊
ခပ်တည်တည်နဲ့ အေးအေးဆေးဆေးဖြစ်သည်။

''ဟူး...''

''ကိုယ် တံခါးဖွင့်လိုက်တော့မယ်...''

''ဟင်..ခဏ...ခဏ..ဦးစက်''

စက်ကွင်းက မျက်ခုံးပင့်၍ ပြန်ကြည့်ကာ ရှက်
လန့်တကြားဖြစ်နေတဲ့ သူမရဲ့ပုံစံလေးကို ငေးရင်းခပ်တိုးတိုးရယ်လိုက်သည်။ဆံပင်ရှည်တွေကို ကလစ်နဲ့မညှပ်ထားတော့ အခန်းထဲမှာ ဟိုပြေး၊
ဒီပြေးလုပ်တာနဲ့ ဝေ့ဝဲပြီး ချာတိတ်မလေးအတိုင်းဖြစ်နေတော့သည်။

''သမီးငိုအုံးမယ် မိန်းမကလည်း၊ဖွင့်လိုက်မယ်''

''အင်း..ရပြီ...ဦးစက်။''

''အိုကေ ''

စက်ကွင်း တံခါးဖွင့်လိုက်တော့ အပြင်မှာနှုတ်ခမ်းလေးထော်ကာ မျက်မှောင်လေးကုတ်ပြီးသမီးက စောင့်နေသည်။

''ဖေဖေ...ဘာလုပ်နေတာလဲ..''

''ဟမ်...သြော်...ဖေဖေ အကြောတက်လို့လေ၊သမီးမေမေကို ခဏနှိပ်ခိုင်းနေတာ...''

''ဟုတ်လား...မီးမီးက ရေဆာလို့၊ပြေးလာတာ''

စက်ကွင်းမှာ ပြောသာပြောရတာ လျှာခလုတ်တိုက်မတက်။ဒါပေမဲ့ အထဲကအသံကို သမီး
မကြားလောက်ပါဘူးဟုတွေးပြီး စိတ်သက်သာရာတွေးရသည်။

''လာလေ...ဖေဖေတိုက်မယ်...''

''ဟင့်အင်း...မေမေရော ''

ခြေဖျားလေးထောက်ပြီး အထဲကိုလှမ်းကြည့်ပြီးသူ့ခန္ဓာကိုယ်ကို တိုးတိုက်ကာ အခန်းထဲကိုဝင်သွားသည်။

''မေမေ...မေမေရေ...''

''မေမေ လာပါပြီ သမီးရဲ့ ''

အဆင်းက သမီးရဲ့ကိုယ်လုံးသေးသေးလေးကို
ချီပွေ့လိုက်ပြီး ဦးစက်ကို မျက်စောင်းအကျအနထိုးကာ အခန်းပြင်ထွက်ခဲ့သည်။ပြုံးစိစိကြည့်နေတဲ့ ဦးစက်ကတော့ ခုနအဖြစ်အပျက်ကို ကျေနပ်နေတဲ့ပုံ။
.
.
.

ကမ္ဘာလွှမ်းသော နှလုံးသား(completed)Where stories live. Discover now