6 ( U )

103 16 16
                                    

အချိန်တွေက တစ်ရွေ့ရွေ့နဲ့ ဖြတ်ကျော်ကုန်ဆုံးသွားခဲ့ရာ ... ယခုဆိုလျှင် အောင်စာရင်းထွက်မယ့်နေ့ကိုပင်ရောက်ရှိလို့လာပြီ .....
ဒီအတောအတွင်းမှာ နေ့ရက်တိုင်းကို မောင့်ကိုလွမ်းလိုက် ၊ မောင့်ဆီကို အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းဆက်လိုက်နဲ့ ဖြတ်သန်းခဲ့ရာမှ ဒီနေ့တော့အောင်စာရင်း အတူတူသွားကြည့်ဖို့ရန်အတွက် လာခေါ်ပေးဖို့ မောင့်ကို ဖုန်းဆက်ရမယ် ....
နာရီကိုလှမ်းကြည့်မိတော့ ( ၆ : ၃၀ ) .. ထပ်အိပ်လို့လည်းမရမယ့်အတူတူ အိပ်ရာသိမ်းကာ ရေချိုးခန်းထဲဝင်ခဲ့မိတယ် ... ရေချိုးပြီးနောက် မောင်နဲ့ပြန်တွေ့ရမှာဆိုတော့ ဘာဝတ်ရမလဲဆိုပြီး စဥ်းစားကာ ရွေးရသည်မှာ နာရီဝက်လောက်ကြာသွားခဲ့ရသေးတယ် ...

စိတ်တိုင်းကျ အဝတ်အစားကိုရွေးပြီးနောက် အောက်ထပ်ကိုဆင်းလာခဲ့မိတော့ တစ်အိမ်လုံးကတိတ်ဆိတ်ငြိမ်သက်လို့ ...
ပုံမှန် အခုအချိန်ဆိုရင် အကို Apo ကမီးဖိုခန်းထဲမှာ ချက်ပြုတ်နေမယ် .. အကို Mile က ခြံထဲမှာလေ့ကျင့်ခန်းလုပ်ရင်လုပ် ၊ မလုပ်ရင် အကို Apoနဲ့အတူတူ ချက်ပြုတ်နေကြကို အခုကြတော့ တစ်ယောက်မှလည်း မတွေ့ပါလား ...

'' အလုပ်ရှိလို့ အစောကြီးအပြင်ထွက်သွားတာများလား?? ''

ထားပါတော့လေ .. အကိုတို့မှာလည်း သူတို့ကိစ္စနဲ့သူတို့ရှိမှာပေါ့ ...

* ဒုတ်! *

ရေခဲသေတ္တာထဲက နို့အေးတစ်ဘူးယူပြီး ဧည့်ခန်းဘက်ကိုထွက်လာ
တဲ့အချိန် နောက်ကျောဘက်မှတစ်စုံတစ်ခုပြုတ်ကျတဲ့အသံကိုကြားလိုက်ရတယ် ... အိမ်မှာက အခု ငါတစ်ယောက်တည်းရှိနေတာကို အနောက်က အသံက မဟုတ်မှလွဲရော ...သ ... သရဲများလား မသိဖူး ..

'' နမောတဿ ဘဂဝတော အရ​ဟတော ... ဘုရား ...ဘုရား ကျွန်တော့်ကို လာမခြောက်ကြပါနဲ့ ''

မှတ်မိသလောက် ဘုရားစာတွေကို ကြိုးစားရွတ်နေပေမယ့် တကယ်တမ်းကြောက်လန့်နေတော့ ဘာတွေ ရွတ်လို့ ရွတ်မိနေမှန်းတောင်မသိတော့ဖူး .... တစ်စုံတစ်ခုက တစ်ဖြေးဖြေးနောက်ကျောဘက်ဆီသို့နီးကပ်လာနေမှုကိုခံစားမိနေတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကို အတင်းဖိမှိတ်ထားမိပေမယ့် ...

White Lies Where stories live. Discover now