အပိုင်း - ( ၂၂ ) ထူးဆန်းသော ရောဂါ

Start from the beginning
                                    

" စိတ်မပူနဲ့ ကုတောင် မကုကြည့်ရသေးဘဲနဲ့ အားပျက်စရာ စကားတွေ ပြောမနေနဲ့လေ ! " ပါးစပ်ကသာ ပြောနေရသော်လည်း အဒေါ်ချန်က စိတ်ထဲတွင် ကြိတ်ပူနေလေသည်။ စိုးရိမ်လွန်းသဖြင့် ဟယ်ကျန့်၏ မျက်နှာကိုပင် မကြည့်ရဲဖြစ်လို့နေသည်။ ပြန်မကောင်းလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ် လက်ထပ်ပေးလို့ရတော့မှာလဲ ။

ဟယ်ကျန့် မျက်ရည်များကို လက်ကိုင်ပု၀ါသုံး၍ ဖြည်းဖြည်းချင်း သုတ်လိုက်မိသည်။ မျက်နှာပေါ်ရှိ အနာများက မျက်ရည်ဖြင့်ထိပါက အလွန်နာကျင်လာပြီး ယားယံနေသည်ကိုလည်း ကုတ်၍မရဖြစ်နေသဖြင့်  ခံစားနေရသည်က မချိမဆန့် ဖြစ်လို့နေသည်။

သူတို့နှစ်ဦး စိုးရိမ်စိတ်ကြောင့် သေတော့မတက်ဖြစ်နေစဥ်တွင် ညီအစ်ကိုနှစ်ဦးက သမားတော်ခေါ်၍ ပြန်လာနေကြပြီဖြစ်သည်။ အမှောင်ထဲ၌ လျှောက်နေရတာဖြစ်သည့်အပြင် သမားတော်လီသည် အသက်ကြီးနေပြီဖြစ်၍ ခြေထောက်မကောင်းသောကြောင့် လမ်း၌ ကြန့်ကြာနေခဲ့တာဖြစ်သည်။

အိမ်ပြန်ရောက်သည့်အခါတွင် ဟယ်ကွေ့နှင့်ဟယ်ဖူသည် သမားတော်လီအား ဟယ်ကျန့်၏ အခန်းသို့ခေါ်သွားပေးသော်လည်း အထဲထိ လိုက်မ၀င်ကြပေ ။ လာနောက်နေတာလား ၊ တကယ် ကူးစက်ရောဂါသာဆိုရင် ဟာသ မဟုတ်တော့ဘူးလေ ။ သူတို့မှာ ကလေးငယ်လေးတွေ ရှိသေးတယ် ၊ မတော်လို့ အကူးခံရပြီး သေသွားရင် ဘယ်လိုလုပ်မလဲ ။

သမားတော်လီ အခန်းထဲသို့၀င်သွားလိုက်ပြီး ဟယ်ကျန့်၏ မျက်နှာကို မြင်သောအခါ ထိတ်လန့်သွားမိသည်။ အစ်ကိုနှစ်ယောက်ထံမှ ပြောစကားကို ကြားပြီးပြီဖြစ်သော်လည်း ဤမျှထိ ဆိုး၀ါးနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ ။

" သမားတော်လီ တစ်ချက်ကြည့်ပေးပါဦးရှင် ကျွန်မတို့ သားလေးက ဘာတွေများ ဖြစ်နေတာလဲရှင် " အဒေါ်ချန်က သမားတော်လီအား အသက်သခင်ကျေးဇူးရှင်တစ်ယောက်နှယ် လက်မှဆွဲ၍ ဟယ်ကျန့်ရှိရာသို့ ခေါ်သွားလေသည်။

ဟယ်ကျန့်ကလည်း သမားတော်လီအား မျှော်လင့်တစ်ကြီး ကြည့်နေလေ၏။ ဒ်ိီလို ခံစားနေရတဲ့ အခြေအနေကနေ အမြန်ဆုံး ကင်းလွတ်ချင်နေပြီ ။

[ BL ] ကျေးလက်သို့ အပြန် On viuen les histories. Descobreix ara