'' Code .. စာမေးပွဲဖြေဖို့ သွားနေပြီလား ''

ဖုန်းထဲမှ တစ်ဆင့်ကြားရတဲ့ မောင့်အသံကလည်း အပြင်မှာနားထောင်ရတဲ့ အသံလိုပဲ ဆွဲဆောင်မှုရှိလွန်းတယ် ... နောက်တော့ ကျွန်တော့်ကို * Code * တဲ့ ... မောင်က တကယ်ကို သူပြောခဲ့တဲ့စကားအတိုင်း * Code * လို့ခေါ်ပေးတာပဲ ... တစ်ခါတစ်လေလည်း သူငယ်ချင်းတွေက အခုလိုခေါ်တက်ကြပေမယ့် မောင့်ဆီက ခေါ်သံက ပိုပြီး နားထောင်လို့ကောင်းတယ် ...

'' ဟုတ် အခုသွားနေပြီ .. ဒါပေမယ့်လည်း စိတ်တွေအရမ်းလှုပ်ရှားပြီး ကြောက်နေလို့ ''

'' မကြောက်ပါနဲ့ .. Code အကောင်းဆုံး ကြိုးစားကျက်မှတ်ထားတာပဲ အကုန် အဆင်ပြေသွားမှာပါ ''

'' ဆရာက ကျွန်တော့်​ကို ယုံကြည်လို့လား ''

'' ယုံတာပေါ့ .. အဲ့တာကြောင့် code လည်း ကိုယ့်ကိုကိုယ် ယုံကြည်ချက်ထားရမယ်နော် ''

'' ဟုတ် .. ''

အဲ့ဒီစကားလေးနဲ့တင် ကျွန်တော့်ရဲ့ကြောက်စိတ်တွေအားလုံးက ပျောက်ကွယ်သွားရတော့တယ် ... မောင်ပေးတဲ့ အားအင်တွေနဲ့ ကျွန်တော်အကောင်းဆုံးလုပ်နိုင်သွားမှာပါ ...

* ဒေါက် ဒေါက် ဒေါက် *

'' ဝင်ခဲ့ပါ ''

'' Code .. ''

ဒီနေ့ စာမေးပွဲဖြေပြီးတာ ၃ ရက်မြောက် ... မနက်ဖြန်ဖြေရမယ့် ဘာသာရပ်က အားနည်းတာကြောင့် မနက်ကျောင်းကပြန်လာထဲက စာတွေ ဆက်တိုက်လုပ်နေမိတာ အခု မောင်ရောက်လာတော့မှ ညနေစောင်းနေပြီဆိုတာ သိတော့တယ် ... လက်ထဲမှာ ဗန်းလေးတစ်ခုကိုင်ပြီး ဝင်လာတဲ့ မောင့်ကို လှမ်းကြည့်မိတော့ ...

'' အဲ့ စာအုပ်တွေခဏချထားဦး .. မနက်ထဲက ဘာမှမစားဖူးလို့ Apo နဲ့ Mile က ပြောတယ် ... စာကြိုးစားတာက ကောင်းပေမယ့် ကိုယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာပေါ့ ''

'' .... ''

'' ကျွန်တော် ကြက်သားဆန်ပြုတ်လေး ဝယ်လာတယ် လာစားလိုက်ဦးနော် ''

အိပ်မက်များ မက်နေတာလား ... မောင်က ကျွန်တော့်အတွက် ဆန်ပြုတ်ဝယ်လာပေးတယ်တဲ့ ... ကျွန်တော် ဘာမှမစားဖူးဆိုတာသိလိုက်ရလို့ စိတ်ပူပြီး ဝယ်လာပေးတာပေါ့နော် ...
မောင့်ဆီက အခုလို ဂရုစိုက်မှုတွေကိုရတော့ ကျွန်တော့်နှလုံးသားထဲမှာ ကြည်နူးမြတ်နိုးခြင်းလေးတွေက တသိမ့်သိမ့်နဲ့ နွေးထွေးလို့ ...

White Lies Where stories live. Discover now