"တခါတွေ့ရင် မတော်တဆ၊ နှစ်ခါတွေ့ရင် ရေစက်၊ သုံးခါတွေ့ရင် ဖူးစာတဲ့ "

တကယ် သူနဲ့ဖူးစာပါတာလား၊ ဒါမယ့် အချစ်ရေးကိုဦးစားမပေးနိုင်သေးတာမို့ ခနလောက် ဥပေက္ခာပြုထားမိပင်မယ့်

ဖူးစာပါရင် ရှောင်လွှဲလို့မရဘူးဆိုသလိုဘဲ buiလက်ထပ်ရမယ့် Sumettikul group ရဲ့ သားက သူဖြစ်နေတယ်ဆိုတာ သိရတော့ အံ့ဩမိတယ်။

ဒါမယ့် မပျော်ရွှင်ပါဘူး၊ လူကြီးတွေစီစဉ်လို့ လက်ထပ်ရတာထက် တယောက်နဲ့တယောက်ချစ်ပြီးလက်ထပ်မှုမျိုးကို လိုလားတာမို့ လက်ထပ်ရမယ့်သူက Bible ဖြစ်နေတာကိုတော့ စိတ်ပျက်မိတယ်။

အဲ့မို့ သူနဲ့တတ်နိုင်သမျှ ဝေးအောင် buiဘက်က စည်းခြားခဲ့တယ်။ အဲ့စည်းတွေပိုဝေးသွားတဲ့အကြောင်းက Bible က လက်ထပ်ပွဲကို သဘောမတူဘူးဆိုတဲ့အရာဘဲ၊ သူ့ဆန္ဒကိုလိုက်လျောချင်ပင်မယ့်
ဖေဖေရဲ့တခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ company ကိုလဲ အဆုံးရှုံးမခံနိုင်တဲ့အတွက် Bible နဲ့ နီးကပ်အောင် ကြိုးစားရမယ်ဆိုတာရယ်၊ သူကိုချစ်တဲ့စိတ်ကိုတော့ ထပ်မထိန်းချုပ်တော့ဘူးဆိုတဲ့ အ‌ေတွးကပြန်ဝင်လာခဲ့တယ်၊

ဒါမယ့်နီးကပ်ဖို့မပြောနဲ့ ပိုဝေးအောင် နံရံတွေက ခြားလာခဲ့တယ်၊ Bible မှာ ချစ်သူရှိတယ်ဆိုတာသိရတော့ သူခံစားချက်ကိုအပြည့်အဝနားလည်သလို ဖြည့်ဆည်းပေးချင်မိပင်မယ့် ဘာမှမတတ်နိုင်တဲ့အနေအထားမို့ တဖက်သတ်ခံစားချက်တွေကို တိတ်တိတ်လေးပြန်ရုတ်သိမ်းလိုက်ရတယ်။

တဖက်သတ်ချစ်ရတယ်ဆိုတာက သူရဲ့အထင်လွဲမှုတွေလောက်တော့ မနာကျင်ပါဘူး၊ သူ့ဘက်ကအချစ်ကိုပြန်ရဖို့မမျှော်လင့်ပင်မယ့် buiအပေါ်အထင်လွဲမှုတွေကိုတော့ မလိုချင်မိတာတော့အမှန်ဘဲ။

လက်ထပ်မယ့်ရက်နီးလေ ပိုစိမ်းကားပြီး ပြောင်းလဲလာတဲ့ Bible ကို ကြောက်မိပင်မယ့် သူ့ခံစားချက်ကိုအပြည့်အဝနားလည်သလို ဘာလို့ဒီလိုလုပ်နေတာလဲဆိုတာကိုလဲ သိတာမို့ ဘာဘဲဖြစ်ဖြစ်သည်းခံဖို့ဘဲ ဆုံးဖြတ်ထားတယ်။ ချစ်ရတဲ့သူနဲ့ဘဲ နေချင်ကြတာ လူတိုင်းဆန္ဒဘဲလေ ကိုယ့်ကိုမချစ်တဲ့သူနဲ့ လက်ထပ်ရတာက ဘယ်လောက်နာကျင်ရတယ်ဆိုတာ buiကိုယ်တိုင်လဲခံစားရတာမို့ သူရဲ့အရွဲ့တိုက်တတ်တဲ့စိတ်ကို နားလည်ပေးနိုင်တယ်။

HopeWhere stories live. Discover now