အပိုင်း (၁၃/u)

Mulai dari awal
                                    

အိမ်ကလူရဲ့ အစ်မအရင်းဖြစ်နေလို့သာ စိတ်ကိုတစ်ထစ်လျှော့ထားပေးရတာပါ။ အသိစိတ်ဝင်သွားအောင် နောက်တစ်ချက်လောက် ခပ်နာနာလေး ရိုက်ပြစ်‌ချင်နေမိ၏။

" အရိုင်းအစိုင်းမ "

" ခင်ဗျားသိဖို့ အရေးကြီးတယ် "

ပြန့်ကျဲနေသော ဖန်ခွဲစများပေါ်မှ သွေးစတစ်ချို့ကို မူပိုင် သတိထားမိလေပြီ။ တင်းကျပ်သွားသော လက်သီးစုပ်နှင့်အတူ မီးဖိုခန်းဆီသို့ မပြေးရုံတမယ် ဦးတည်သွားကြသည့် ခြေလှမ်းများ။

" ဒေါ်ဒေါ် "

ကျောပေးထားသော ကိုယ်လုံးလေးဟာ တသိမ့်သိမ့်တုန်လို့ရယ်။ ငိုချင်သည်ကို ထိန်းချုပ်ထားပုံရ၏။

" ကျုပ်ဘက်ကိုလှည့်၊ ငိုမယ်ဆို ကျုပ်ရင်ခွင်မှာပဲ ငို "

ခင်ဗျားမျက်ရည်ကျတာကို တကယ်မကြိုက်ဘူး ဒေါ်ဒေါ်ရယ်။ သို့ပေမယ့် ငိုချင်လာတဲ့အခါတိုင်း ငိုချလိုက်လို့ ရပါရဲ့။ ကျုပ်ရင်ခွင်ထဲမှာပဲ ဖြစ်ရမယ် ဒေါ်ဒေါ်။ ကျလာမယ့်မျက်ရည်တွေကို ကျုပ်တစ်ဦးတည်းကပဲ သုတ်ပေးပါ့မယ်။

ကျုပ်ရှိနေပေးမှာမို့ အခြားသူတွေရှေ့ မာနထားလို့ရပါတယ်။ စိတ်ရှိလက်ရှိ မောက်မာပြစ်လိုက်လို့လည်း ရပါသေးတယ် ဒေါ်ဒေါ်ရယ်။ တစ်ခုတော့ရှိမယ်၊ လူတွေကွယ်ရာရောက်ရင်တော့ ကျုပ်ပခုံးတွေပေါ် ပြိုလဲပြစ်လိုက်စမ်းပါ။

" ကျေးဇူးတင်တယ်၊ ကျုပ်ကိုမထားခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတကယ်တင်တယ် ဒေါ်ဒေါ် "

" မမကို မမုန်းလိုက်ပါနဲ့ မူပိုင် "

" ဖြစ်နိုင်တာကိုပဲ တောင်းဆိုစမ်းပါ "

" ဒါဆိုရင် မမကို လွှတ်ထားပေးပါနော် "

" ခင်ဗျားသဘောပါပဲ "

အဲ့သည်လောက်အထိ သူများဘက်ကို ငဲ့မကြည့်စမ်းနဲ့ ဒေါ်ဒေါ်ရယ်။ ဟိုလူကဖြင့် ခင်ဗျားကို သေခန်းပါဖျက်သွားတာလေ။ အဲ့အကြောင်းကို သိစေချင်ပေမယ့် ကျုပ်မပြောပြရက်ဘူး။ ခင်ဗျားကို ထပ်နာကျင်စေမယ့် ဘယ်လိုအရာမျိုးကိုမဆို ကျုပ်လက်မခံပေးနိုင်ဘူး ဒေါ်ဒေါ်။

မူပိုင် [အတွဲ တစ်]Tempat cerita menjadi hidup. Temukan sekarang