"အဲ့ဒါဆိုလည်း ဆက်အိပ်! ကိုယ်တော့ အလုပ်ရှိသေးတယ်..."

ရှင်းခန့်ကပြောပြောဆိုဆိုဖြင့် ရင်ဘတ်ပေါ်မှစောင်အားခွာချကာ အိပ်ရာမှထဖို့ပြင်သည်။‌မြင်ဖူးနေကြ ဖြူနုနေသောကျောပြင်လေးဟာ ဒီနေ့ကျမှပိုလှနေသလို။ဒီလူဟာ သူ့နှင့်တစ်ဘဝစာ သက်ဆိုင်သွားပြီ။သူ့အပိုင်ဖြစ်သွားပြီဆိုတဲ့စိတ်က သူ့ရင်ကိုတငြိမ့်ငြိမ့်ဖြစ်စေသည်။ကြည်နူးစိတ်လား၊ပီတိဖြာတာလား၊ကျေနပ်မိတာလား။အတိအကျမပြောပြ‌တက်ပေမဲ့လို့ သူပျော်နေတာသေချာသည်။ဒီလိုမျိုး
ဘေးမှာအတူရှိနေရတာလေးက အသက်ရှုသံတိုင်းကို အဓိပ္ပာယ်ရှိသွားစေသည်။ကြည်နူးစိတ်တို့လှိုက်ဖြာနေရင်းဖြင့် ခါးသွယ်သွယ်လေးအား ရင်ခွင်ထဲသို့ပြန်ဆွဲချလိုက်သည်။

"အဲ့လိုပဲထားသွားလို့ရကြေးလား..."

ရုတ်တရက်မို့ ဟန်ချက်ပျက်သွားပြီး ရှင်းခန့်၏ ကိုယ်လေးက ရင်ခွင်ထဲသို့ပြိုကျလာ၏။ရုန်းဖယ်ချိန်တောင် မရလိုက်ပဲ ဆိုင်းလော့ဒ်ကရင်ခွင်အောက်၌ ချုပ်ဖက်ထားရင်းဖြင့် မျက်နှာအနှံ့အုံ့မိုးနမ်းရှိုက်၏။

"ယောက်ျားကို အဲ့လိုပဲပစ်ထားသွားစရာလား..."

ဆိုင်းလော့ဒ်က အသံခပ်အစ်အစ်ဖြင့် စူပွပွလေးပြော၏။ပြီးတော့ နှုတ်ခမ်းလေးအား ဖိကပ်နမ်းရှိုက်လို့လာသည်။ထိုမှတဆင့် လည်တိုင်တစ်လျှောက် ပွတ်တိုက်နမ်းရှိုက်ပြီး ခပ်ဖွဖွဖိကိုက်၍ အရာပေး၏။ဘေးနားမှာ အိပ်မောကျနေပါသော နိုရာနိုးသွားမှာစိုး၍ သူအရမ်းကြီးလည်း မရုန်းရဲတော့ ဆိုင်းလော့ဒ်တစ်ယောက် စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရလို့နေသည်။ညှပ်ရိုးလေးပေါ်၌ အရာပေးငုံ့ကိုက်နေပါသော ဆိုင်းလော့ဒ်၏ခေါင်းအား အသာအယာတွန်းဖယ်ပစ်ပြီးမှ....

"မင်း!.." "ဖယ်ဦး..."

"မဖယ်ဘူး...."

"ကိုယ် ဆိုင်ဖွင့်ရမှာလေ..."

"မဖွင့်နဲ့..."

ဆိုင်းလော့ဒ်က ရင်ခွင်ထဲသို့ပြန်လည်‌တိုးဝှေ့ရင်းဖြင့် ကလေးဆိုကြီးလိုမျိုး ခပ်ချွဲချွဲပြောသည်။ဆိုင်းလော့ဒ်၏
နွဲ့ဆိုးဆိုးနေသလိုပုံစံလေးကြောင့် သူ့စိတ်တွေအရည်ပျော်ကုန်ရ၏။ခပ်ပွပွဆံပင်တွေထဲ အသဲယားသလိုမျိုး လက်ထိုးဖွပြီးတော့မှ...

Wild  Rose(complete)Where stories live. Discover now