part44(Unicode)

34.9K 3.5K 380
                                    

အနမ်းတို့ဟာ ကြာရှည်စွာ နက်ရှိုင်းနေခဲ့ရင်း ပြင်းပြသော အချစ်၏သံစဥ်တွေဟာ ကားထဲမှာလွှမ်းခြုံလို့နေသည်။တမ်းတလှိုက်မောနေခဲ့ရသော စိတ်ဆန္ဒတို့ဟာ အမြင့်ဆုံးအထိပေါက်ကွဲထွက်သည်။နို့နှစ်ရောင်ခါးသွယ်သွယ်လေးအား ဆွဲကိုင်ထားရင်း လည်တိုင်လေးဆီသို့ မျက်နှာအပ်မိသည်။ဒီအငွေ့အသက် ဒီအထိအတွေ့တွေကို သူဘယ်လောက်တောင်မှ တမ်းတလွမ်းဆွတ်နေခဲ့ရသလဲ။ဒီလူတစ်ယောက်ကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားရတဲ့ အချိန်ခဏဟာ တစ်လောကလုံးကို အပိုင်စားရလိုက်သည့်အတိုင်း။ပျောက်ဆုံးနေခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပြန်ရရှိလိုက်သလို ပြီးပြည့်စုံသွားစေတဲ့ ခံစားချက်မျိုး။

"အ့! ဆိုင်းလော့ဒ်!...အင်း!"

နို့နှစ်ရောင်ခါးသွယ်လေးအား ဆွဲကိုင်ကာ ဆိုင်းလော့ဒ် ရုတ်တရက်လှုပ်ရှားလိုက်တော့ ငြီးသံသေးသေးလေး ထွက်ပေါ်လို့လာသည်။တိုးဖွဖွငြီးငြူသံလေးက သူ့၏စိတ်တွေကို ပို၍ပူလောင်ပေါက်ကွဲစေသည်။သူ့၏ဆန္ဒတွေကို ပို၍အရိုင်းဆန်လာစေကာ လမ်းမကြီးပေါ်ရှိ ကားပေါ်မှာဆိုသည့်အသိတို့ကို လွတ်ထွက်စေလေသည်။မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြတာမို့ ရှင်းခန့်၏ မျက်နှာရဲရဲလေးပေါ်မှ စိတ်ဆန္ဒတို့ကိုလည်း အတိုင်းသာမြင်နေရလေသည်။နှစ်ဦးစလုံးများ ကိုယ်စီလောင်မြှိုက်နေကြသော အချစ်မီးတောက်တို့ဖြင့် ပူလောင်လို့နေသည်။ဒီလိုအချိန်မှာ အချစ်ပင်လယ်ထဲ လက်ပစ်ကူးဖို့ထက် တခြားအကြောင်းပြချက်တွေကို ဘယ်သူက စဥ်းစား‌နိုင်ကြလို့လဲ။

"လွမ်းတယ်...."

အသက်ရှုသံပြင်းပြင်းဖြင့် ဆိုင်းလော့ဒ်ရေရွတ်မိပြီး ကျဥ်းကျပ်နေသောနေရာလေး၌ လှုပ်ရှားမှုတို့အားအရှိန်ပိုတင်မိသည်။

"အင်း! ကိုယ်ရောပဲ... ဟင်း!"

"ခင်ဗျားနဲ့ ထပ်မခွဲနိုင်တော့ဘူး..."

"......"

"ခင်ဗျားမရှိရင် မဖြစ်ဘူး..."

"....."

"မောင့်ကို နမ်း!...."

"အင်း! ဟင်း!..."

သူ့၏အထိအတွေ့များကြားမှာ ရှင်းခန့်ကတော့ ငြီးသံသဲ့သဲ့မှလွဲ၍ တခြားမတုံ့ပြန်နိုင်တော့ပေ။စိတ်ဆန္ဒတို့ဖြင့် လှိုင်းထန်နေပါသော အချစ်ပင်လယ်ပြင်ကြီးထဲ နှစ်ယောက်သား တက်ညီလက်ညီ ရွက်လွှင့်မိကြတော့သည်။‌အမှောင်ရိပ်တို့ ကြီးစိုးနေပါသော ကားလေးထဲမှာတော့ အသားစိုင်ချင်းပွတ်တိုက်ရိုက်ခတ်သံ သာယာစွာငြီးငြူနေသံတို့ဖြင့်သာ လွှမ်းခြုံ၍နေလေတော့သည်။ချစ်ခြင်းတို့ဖြင့် ကမ္ဘာတည်ဖြစ်ကြရင်း သူတို့နှစ်ဦးဟာ တစ်ခုတည်းတစ်သားတည်း...။ အချိန်တွေမည်မျှကြာအောင်တိုက်စားသွားသည်ကိုလည်း သတိမပြုနိုင်ကြတော့ပဲ ကားလေးထဲမှအချစ်တိုက်ပွဲကတော့ ပို၍သာပြင်းထန်လို့လာလေသည်။အချစ်ရဲ့မြစ်ပြင်ကျယ်ကြီးထဲ နှစ်ယောက်အတူ အားသွန်ခွန်စိုက်ကူးခတ်ဖြစ်နေခဲ့တာ ကမ္ဘာလောကကြီးတစ်ခုလုံးအား မေ့လျော့သွားသည့်အထိပင်။

Wild  Rose(complete)Where stories live. Discover now