အဆုံးသတ်မဟုတ်လေသော အဆုံးသတ်

Start from the beginning
                                    

"ဒါဆို သည်ဇီးသီးသုပ်ဇလုံလေးကို ကလေးတွေဆီ သွားပေးပေးအုန်းနော် မောင်....အခုချိန်လောက်ဆို ဂျင်ပေါက်တမ်းကစားနေလောက်ကြပြီ..."

မောင်က စိတ်ကောက်လျှင်လည်း ခဏသာကောက်တတ်သည်။ အခုလည်း သူပြောသည့်အတိုင်း ဇီးသီးသုပ်ဇလုံကိုကိုင်လို့ အရှေ့ခြံဆီ ကူးသွားတော့သည်။

"ဟိတ်ကောင် နှပ်ချေး...."

"ဟာ ဆောင်းကြီးပါ့လား..."

ဒိုးပစ်သူကပစ်၊ ဂျင်ပေါက်သူကပေါက်နှင့် ဆော့လှောင်နေကြသော ကလေးတို့က တစ်ခေတ်မောင်ကို မြင်သည်နှင့် ဆော့နေသမျှကို ရပ်လို့ စုဝေးကာ ရောက်ရှိလာကြသည်။

"လက်ထဲမှာလည်း ဇီးသီးသုပ်ဇလုံကြီးနဲ့ပါလား....သားတို့အတွက်မို့လား...."

နှပ်ချေးက ဦးဆောင်ကာ အားတက်သရောပြောတော့သည်။ တစ်ခေတ်မောင်ကတော့ ဟွန့်ခနဲ အသံပေးကာ ဇလုံကြီးအား နှပ်ချေးတို့လက်ထဲ ထိုးထည့်ပေးလိုက်သည်။

"အစ်ကိုထွင်း လုပ်ပေးလိုက်တာ...မင်းတို့ ကစားရင်း စားလို့ရအောင်တဲ့..."

"အစ်ကိုထွင်းက အကောင်းဆုံးပဲ ဆောင်းကြီးနဲ့တော့ ကွာပါ့..."

"ဟုတ်ပါ့...ဆောင်းကြီးက အမြဲစူပုတ်ပြီး အူတိုနေတာ..."

"ဟုတ်တယ် ဆောင်းကြီးအူတိုက ဆိုးတယ်..."

ကလေးတစ်စုက တစ်ခေတ်မောင်ကို ဝိုင်း၍ အနိုင်ကျင့်နေကြသည်မို့ တစ်ခေတ်မောင် မျက်နှာကြီး မည်းတက်လာတော့သည်။ နှပ်ချေးလက်ထဲက ဇီးသီးပန်းကန်ကို ရုပ်တည်ဖြင့်ဆွဲလုလိုက်သည်။

"မကျွေးတော့ဘူး မင်းတို့ကို..."

"ဟာ....ဆောင်းကြီး အကျင့်မပုတ်နဲ့ သားတို့ကို ပြန်ပေး..."

"မပေးဘူးကွာ..."

နှပ်ချေးတို့ တစ်သိုက်နင်သွားရတော့သည်။ စားရခါနီးမှ လက်လွှတ်လိုက်ရသည်မို့ သူတို့တစ်သိုက် ငိုမဲ့မဲ့ဖြစ်သွားရတော့သည်။ သို့ပေမဲ့ ဉာဏ်ပြေးတဲ့ နှပ်ချေးကတော့ မျက်နှာပေးလေးပြောင်း၍ စကားစတော့သည်။

"တကယ်တော့ ဆောင်းကြီးရဲ့...သားတို့ခုနကတင်ပြောနေကြတာ..."

"ဘာတွေပြောနေကြတာလဲ..."

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now