🤍Lone Lone's Punishment🤍

Start from the beginning
                                    

"ကိုယ်ထတာ နည်းနည်းလေးနောက်ကျသွားတယ်၊ စိတ်ဆိုးနဲ့နော် ချစ်ဆုံးလေး"

"မနေ့ညက ဘယ်နှစ်နာရီအိပ်တာလဲ"

"တစ်..တစ်နာရီအိပ်တာ"

ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ခင်ပွန်းသည်ကို ပြည်လုံး မျက်နှာသေနဲ့ ကြည့်ပေးလိုက်ကာမှပဲ အမှန်တရားကို ကြားရသည်။

"ဟီး.. သုံးနာရီ.. ချစ်ဆုံး"

စိတ်ကကုန်ပြီးရင် ကုန်နေတဲ့အတွက် ဘာမှဆက်ပြောလိုစိတ်မရှိတာကြောင့် အီကြာကွေးပန်းကန်ကိုသာ မေးငေါ့ပြလိုက်သည်။ ဒါကို စပရှယ်တုံးက သူ့ကို Passပေးလိုက်တယ်လို့များ ထင်လားမသိ..။ အရည်မရ၊ အဖက်မရတွေကိုသာ ဗလုံးဗထွေး စမြုန့်ပြန်နေသည်။

"ချစ်ဆုံး.. သိလား၊ ကောင်းဆက်နိုင်တောင် ကိုယ့်ကိုချီးကျူးနေတာ...&*&^"

ဟိန်းတေဇ ပျက်စီးရခြင်းရဲ့ အဓိကလက်သည် နာမည်ပါလာတော့ ဖဲ့လက်စ အီကြာကွေးတို့က ပြည်လုံး လက်ထဲမှာ အညှစ်ခံဘဝရောက်သွားရသည်။ အရင်တစ်ပတ်က ဟိန်းတေဇကို ကောင်းဆက်နိုင်က ဖုန်းလှမ်းဆက်သည်။ ဘာတဲ့.. 

"တေဇ.. ဂိမ်းအသစ်ထွက်လာပြန်ပြီကွ၊ ငါတို့ လေ့လာကြည့်ရအောင်"

ဒါမျိုးဆိုရင် ပညာရှင်ဆန်လွန်းတဲ့ အိမ်ကယောကျာ်းကလည်း..

"အေး မဆိုးဘူး သုံးသပ်ကြတာပေါ့ လူစုလိုက်"

လို့ဆိုကာ ဇေယျာပိုင်တို့လင်မယားကိုပါ ပူးပေါင်းပါဝင်စေပြီး အုပ်စုလိုက် လေ့လာဆန်းစစ်ကြသည်ပေါ့..။ပြည်လုံးကိုတော့ အတူတူဆော့ချင်တယ်လို့ သံတော်ဦးတင်ရှာပါရဲ့..။ ဒါပေမယ့် စတိုးဆိုင်တဖက်၊ ခွေးတဖက်နဲ့လေ..။ သူသာ အလိုက်ကမ်းဆိုးမသိ.. ဘာမသိနဲ့ ဆော့ရက်တာ..။ အခုလည်း ပြည်လုံးစိတ်ဆိုးနေတာကို ပါးနပ်လွန်းသူကြီးက မမြင်..။ သူပြောချင်တာကိုပဲ ဆက်ကာပြောနေသည်။

"ကောင်းဆက် ပြောတာက မင်းကိုတဲ့..၊ ကိုးရီးယားကတောင် ခေါ်လောက်တယ်တဲ့၊ မင်းဆော့တာ အရမ်းတော်တာပဲတဲ့.."

"အဲ့ကောင်က ရွဲ့ပြောတာနေမှာပေါ့"

"ဟာ ချစ်ဆုံးနော်..၊ ကိုယ်ဆော့တာ အရမ်းတော်တာ၊ မနေ့ညကဆို MVPတွေ ဆက်တိုက်ရတာနော်"

True Love Eternal UniverseWhere stories live. Discover now