"...."

"ထူးရဲ့အချစ်ဆုံးလေးလို့...ထူးခေါ်နေတယ်လေအချစ်ရယ်..."

"ထူးရဲ့မိန်းမရေ.."

"..."

"ဟင်းးးး"

နော်ထူးသက်ပြင်းရှည်ကြီးမသိမသာချလိုက်သည်။ပြီးမှ အကြံတစ်ခုရဟန် နှင်းဆီပင်နီနီလေး တစ်ပွင့်ကိုခူးယူကာ ဆရာမနားတိုးသွားမိသည်။နှုတ်ခမ်းထက်မှလဲ ခင်မောင်ထူး၏ အချစ်အယူခံဆိုတဲ့ သီချင်းလေးအား ရွတ်ဆိုရင်းပေါ့..။

"မပြေလည်နိုင်အောင် ဆရာမကြံရွယ်တယ်
ရင်မှာချစ်အားလေးညှိုးငယ်ရပါတယ်"

ရင်ဘက်ကို လက်လေးနဲ့ဖိပြီးပြောသောနော်ထူးကြောင့် နီနီ့မှာပြုံး၍ စိတ်ဆိုးပြေချင်သော်လဲ သူချော့တာခံချင်တဲ့စိတ်လေးကခွင့်မပြုပေ။

"ပြေလည်အောင် ဖြေရှင်းပါမယ်လေ..အယူခံဒီစကားလေးပြောပြတော့မယ်..
အကြင်နာဆုံးး...ထူးရဲ့အချစ်ဆုံးရေ..နေပါဉီး.မုန်းလိုက်တော့မှာလား နီရယ်...ကြင်နာတဲ့သူလေး
ရှောင်ပြေးလေတော့ ထူးတစ်ယောက်ထဲအခုတော့..​ကြေကွဲပြီ.."

နော်ထူးသီးချင်းလေးညီးရင်..နှင်းဆီပန်းလေးအားနမ်းရှိုက်လိုက်သည်။ထိုနောက်ဆံညှပ်ကြီးကြီးဖြင့် ခပ်လျောလျော့လေးညှပ်ထားသောဆံနွယ်ရှည်ကြားသို့ ထိုနှင်းဆီပန်းလေးအားပန်ပေးလိုက်သည်။

"စိတ်မကောက်ပါနဲ့အချစ်ရယ်..အချစ်မကြိုက်ရင် ထူးနောက်တစ်ခါအဲ့လိုစကားတွေမပြောတော့ဘူးနော်"

နော်ထူးက ဆရာမ၏ နဖူးပြင်သို့ဝဲကျနေတဲ့ဆံနွယ်လေးတွေကိုဖယ်ရှားရင်း ဆရာမရဲ့နဖူးအား ကြင်နာမှုအပြည့်နှင့်နမ်းလိုက်သည်။ဆရာမနှုတ်ခမ်းလေး ကွေးညွတ့်သွားတာကိုလဲတွေ့မိသည်။အော်..ဒီလူ့ကိုရူးအောက်များပြုစားလေသလားဆရာမရယ်...။

"ဆရာမ"

"ဟင်"

"စိတ်မဆိုးပါနဲ့ဆရာမရယ်နော်...နော်လို့..ထူးကဆရာမကိုချစ်တယ်လေ"

"တို့ကစိတ်မကောင်းဖြစ်သွားရုံပါ.."

"ဟင်...ကျွတ်ကျွတ်..ထူးဆရာမလေးစိတ်မကောင်းဖြစ်သွားပြီ..ဉုံဖွ.." ထူးထူးဆရာမရဲ့ နှုတ်ခမ်းကိုဖွဖွလေးနမ်းမိသည်။ကြင်နာမှုအပြည့်ဖြင် နမ်းခြင်းသား..ထို့နောက်ဆရာမရဲ့ ခါးသွယ်သွယ်ကိုလည်း ဖက်ထားသေးသည်။

မြတ်နိုးရသူWhere stories live. Discover now