ဒိုင်း!!

"Oh baby မင်းမရပ်တန့်နိုင်သေးဘူးလား သေနတ်ခလုတ်ကိုင်တဲ့မင်းလက်ညိုးလေးနာနေမှာစိုးလို့ပါ"

"ဟက်..."

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့သေနပ်ပစ်ချက်တွေကိုကွေကွင်းရှောင်တိမ်းရင်းပြုံစစမျက်နှာပေးဖြင့်ပြောသည်။

ဒိုင်း!!

ဒီတစ်ခါမှာတော့ကျည်ဆံကဝမ်ရိပေါ်ရဲ့နားရွက်နားကနေဖြတ်ပြေးသွားတာမလို့ဖျင်းခနဲဖြစ်သွားတဲ့ခံစားချက်နဲ့ရင်ထဲတွင်တစ်မျိုးဖြစ်သွားရသည်။ရှောင်းကျန့်ကသေနတ်ကိုသူ့ဘက်ကိုချိန်ရွယ်ထားရင်းထပ်မပစ်လာတော့ပေ။ကိုယ်ရံတော်တွေကအသက်တောင်မရူရဲတော့ဘူးခုတစ်ချက်ကBossအရှောင်မကောင်းရင်မျက်နှာကိုထုတ်ချင်းဖောက်ကျည်ဝင်သွားနိုင်တယ်။ပြောပါတယ်သူတို့အချစ်စမ်းတာကြီးကကြောက်ဖို့ကောင်းတယ်လို့..

"မင်းကျည်ကုန်သွားပြီး..ဘယ်လိုလဲရှုံးသွားတဲ့အရသာကခံစားလို့ကောင်းရဲ့လား"

အခွံသတ်သတ်သာရှိတော့တဲ့သေနတ်ကိုအနားကကိူယ်ရံတော်တစ်ယောက်ဆီလွဲပစ်လိုက်ပြီးအရိပ်ရအမိုးအောက်ကထိုင်ခုံမှာသွားထိုင်နေလိုက်တယ်။ဝမ်ရိပေါ်ကရှောင်းကျန့်နောက်လိုက်လာပြီးခုံကိုလက်နဲ့ထောက်ကာအုပ်မိုးကြည့်နေသည်။

"ငါမရှုံးဘူး..ဘယ်တော့မှလဲရှုံးမှာမဟုတ်ဘူး"

သူ့မျက်လုံးကိုစိုက်ကြည့်ပြီးပြတ်သားစွာပြောလာတဲ့သူကအလွန်တည်ငြိမ်လှသည်။ဒါပေါ့  ရှောင်းကျန့်လုံးဝမရှုံးဘူး ဟိုးအစထဲကနေခုချိန်ထိရှုံးနေတဲ့သူက သူကိုယ်တိုင်ပဲ ။ရှောင်းကျန့်ကိုစတွေ့တဲ့၈နှစ်သားအရွယ်ထဲကနေအကြိမ်ကြိမ်ရှောင်းကျန့်အပေါ်ကျရှူံးနေခဲ့တာ ။

"ဘေဘီကအရှူံးကိုဝန်မခံရဲတာပဲ..ဒါတော့မမိုက်ဘူးလေကွာ"

နားသယ်စတွေကိုတယုတယသပ်ပေးနေရင်းပြောတော့ရှောင်းကျန့်ကမျက်ခုံးထူထူတွေကတွန့်ချိုးကုန်တယ်။စိတ်တိုနေပြီပဲ..မျက်မှုန်းကုပ်တာကအစမျက်တောင်ခတ်လိုက်သည်အဆုံးလှုပ်ရှားမှုတစ်ခုခြင်းစီကိုစိတ်ဝင်စားစွာစိုက်ကြည့်နေမိသည်။

TRICK ✔Where stories live. Discover now