Chapter(87):ကမ္ဘာမကြေ ရန်ဘက်တွေ အကြားက ငြင်းခုံမှု-1

Start from the beginning
                                    

တင်းကျပ်တဲ့ အကယ်ဒမီစည်းကမ်းတွေနဲ့ သူက စစ်သားတစ်ယောက် ဖြစ်နေတယ် ဆိုတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ကိုဒီနေရာမှာ တစ်ခြားယောက်ျားလေးတွေနဲ့ နေခိုင်းခဲ့မဲ့အစား သူသေချာပေါက် ​ကောင်ငယ်လေးကို သူ့အဆောင်ခန်းထဲကို ခေါ်ဆောင်သွားလိုက်ပြီဖြစ်တယ်။

"တကယ်လား?" ယွီဂျင်လီက အံ့အားသင့်စွာ မေးလိုက်မိတယ်။

အားရှန်းက အမှန်တကယ်ကို သူနဲ့အတူ ကျောင်းထဲမှာ နေခဲ့မှာပဲ။ ဟေး အရမ်းကောင်းတာပဲ။ ငါအားရှန်းကို နေ့တိုင်းမြင်နိုင်ပြီပေါ့။

"သေချာပေါက်ပေါ့။ ကိုယ်တို့တွေ မင်းကို နောက်တစ်ကြိမ် ထပ်လာတွေ့မယ်နော်။" ကျန်းမော့ရှန်းက အပြုံးလေးနဲ့ ကတိပေးလိုက်တယ်။

ကျန်းမော့ရှန်းက သူကတိမပေးနိုင်တဲ့ အရာမှန်သမျှ သူ့ကို လုံးဝ ကတိမပေးခဲ့ဖူးတာကြောင့် ယွီဂျင်လီတစ်ယောက် နောက်ဆုံးမှာတော့ စိတ်သက်သာရာ ရသွားမိတယ်။ မွန်းလွဲချိန်မှာ သူသူ့ကို တွေ့နိုင်တယ်လို့ အားရှန်းက ပြောတယ်ဆိုကတည်းက သူတို့တွေ သေချာပေါက် သူ့ကို နောက်ထပ် ထပ်လာတွေ့ကြမှာဖြစ်တယ်။

"ကောင်းပါပြီ။ အဲ့ဒါဆိုလည်း နှုတ်ဆက်ပါတယ်။ အမေ နှုတ်ဆက်ပါတယ်။" ယွီဂျင်လီက သူ့ရဲ့လက်သေးသေးလေးကို ဝှေ့ယမ်းပြလိုက်ပြီးတော့ သူတို့တွေကို နှုတ်ဆက်စကားပြောလိုက်တယ်။

"ကျောင်းမှာ သစ်အယ်သီးလေးကို ဂရုစိုက်ပေးဖို့ သားပိုပြီး အာရုံစိုက်ဖို့ လိုအပ်တယ်နော်။ သူက အရင်က တစ်ခါမှ ကျောင်းတက်ဖူးတာ မဟုတ်သလို ဒီလိုမျိုး လူအများကြီးနဲ့လည်း မထိတွေ့ဖူးဘူး။ သူနဲ့ လိုက်လျောညီထွေမှု မရှိမှာကို အမေစိုးရိမ်မိတယ်။" ရှောင်မုလန်တစ်ယောက် စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်အနည်းငယ် ကြုပ်လိုက်မိတယ်။

ဒီလိုမျိုး စိုးရိမ်ပူပန်မှုက ရင်ထဲမှာ အမြဲဖြစ်တည်နေပေမဲ့ ယွီဂျင်လီအရှေ့မှာတော့ သူမဒါကို ဖော်ထုတ်မပြသခဲ့ပေ။ အခုချိန်မှာ သူမနဲ့ သူမသားတို့နှစ်ယောက်တည်းသာ ရှိနေတော့တာမို့ စိုးရိမ်ပူပန်မှုတွေက မျက်နှာထက်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-2Where stories live. Discover now