အပိုင်း - ( ၁၉ ) မင်္ဂလာပွဲ

Start from the beginning
                                    

နောက်မှလိုက်လာသော ၀ူယွီလန်သည် ချီယွဲ့၏ အပြုအမူကိုမြင်သောအခါ အလိုက်တသိ ငြိမ်နေပေးပြီး ဘာမှမမေးပေ ။

ခဏအကြာမှသာ ချီယွဲ့က လက်ကိုလွှတ်ပေးလိုက်ပြီး ၀ူယွီလန်အား စားပွဲပေါ်ရှိ ရေကရားထဲမှ ရေတစ်ခွက်လောက်ငှဲ့ပေးရန် ပြောလေသည်။ ချီယွဲ့ကမူ ထရပ်၍ နံရံဘေးရှိဗီရို၏ အောက်အံဆွဲထဲမှ ဆေးပုလင်းက်ို သွားယူလိုက်ပြီး ဟယ်လင်းထံ ပြန်လျှောက်လာသည်။

ချီယွဲ့ ဆေးပုလင်းထဲမှ အနက်ရောင်ဆေးတစ်လုံးကို ထုတ်လိုက်ကာ ဟယ်လင်းထံသို့ ကမ်းပေးလိုက်သည်။ " ဒါကို သောက်လိုက် "

ဟယ်လင်းက နာခံစွာပင် ဆေးလုံးကိုယူ၍ ပါးစပ်ထဲထည့်လိုက်ပြီး ၀ူယွီလန်ထံမှ ရေခွက်ကိုယူကာ သောက်ချလိုက်လေသည်။

ဟယ်လင်း ဆေးသောက်ပြီးသွားသည့်အခါမှ ချီယွဲ့ ဟယ်လင်း၏ အပေါ်၀တ်ရုံကို ချွတ်ပေးလိုက်ပြီး ဒူးတုပ်ထိုင်ချလိုက်ကာ ဖိနပ်ကိုပါ ချွတ်ပေးလိုက်သည်။ ထို့နောက် ဟယ်လင်းအား အိပ်ရာထက်တွင် လှဲစေလိုက်ပြီး စောင်ကိုပါ အပေါ်မှခြုံပေးလိုက်သည်။ " ခဏလောက် အိပ်လိုက်ဦး "

မနေ့ညတုန်းက အိပ်မပျော်သွားစေရန် စိတ်တင်းထားခဲ့ရ၍ ယခုကဲ့သို့ နူးညံ့သောမွေ့ယာထက်၌ လှဲနေရသည့်အခါတွင် ဟယ်လင်း မထိန်းထားနိုင်တော့ဘဲ ချက်ချင်းအိပ်ချင်လာတော့သည်။ ထို့ကြောင့် မျက်လုံးများကို မှေးစင်းလိုက်ပြီး အိပ်မက်ကမ္ဘာထဲသို့ ဟယ်လင်း အလည်သွားလိုက်မိတော့သည်။

ဟယ်လင်းက အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်သွားသည့်အခါမှသာ ချီယွဲ့ ထရပ်လိုက်ပြီး ၀ူယွီလန်ထံသို့ လှည့်ပြောလိုက်သည်။ " အားနာပေမယ့် မရီး သူနဲ့ ခဏလောက် အတူနေပေးနိုင်မလား "

အကြောင်းအရင်းရှိ၍ဖြစ်မည်ကို ၀ူယွီလန် သဘောပေါက်လိုက်သော်လည်း အမေးစကားမဆိုမိချေ ။ ဘယ်လ်ိုပင်ဖြစ်နေပါစေ ပြီးလျှင်လည်း သိရမည့်ကိစ္စပဲ မဟုတ်ပါလား ။ " စိတ်ချထား ၊ မရီး ကြည့်ပေးထားမှာမို့လို့ ဧည့်သည်တွေကိုသာ သေချာသွားဧည့်ခံနေလိုက်လေ "

ချီယွဲ့ ၀ူယွီလန်ကို ခေါင်းညိတ်ပြပြီးနောက် အိပ်ပျော်နေသော ဟယ်လင်းကို တစ်ချက်ထပ်ကြည့်လိုက်ကာ တံခါးကိုဖွင့်၍ အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။

[ BL ] ကျေးလက်သို့ အပြန် Where stories live. Discover now