သူအမြန်ထွက်လာလိုက်ပီး​ခြံတံခါးကိုဆွဲဖွင့်လိုက်တယ်။

'' ဟင် ရိပေါ်??? ''

ဘာလို့ybကဒီကိုရောက်နေရတာလဲ? မားသိရင်တော့နှစ်ယောက်စလုံးသေတော့မှာပဲဟ!

သူခဏကြောင်အမ်းပီးကြည့်နေရာမှ သတိပြန်ဝင်လာပီးybလက်ကိုဆွဲကာ ခြံနဲ့ခပ်လှမ်းလှမ်းကိုဆွဲခေါ်လာလိုက်တယ်။

တရွတ်တိုက်ပါလာရတဲ့ybမှာသာ xzကိုရပ်ဖို့ပြောနေရတယ်။

'' ခဏရပ်အုံး ဘာဖြစ်လို့အလန့်တကြားဖြစ်နေတာလဲ ''

'' ကျစ်! မြန်မြန်သာလိုက်ခဲ့စမ်းပါ ''

'' ရှောင်းကျန့်! ဘာဖြစ်နေတာလဲ ရပ်တော့! ''

'' ရပ်ရမယ်? မင်းရူးနေလား! သတ္တိတွေတအားကောင်းနေလားဟမ် မားကသိပ်စိတ်ပြေသေးတာမဟုတ်ဘူး မင်းကိုတွေ့ရင်အခြေနေတွေပိုဆိုးသွားမှာပေါ့လို့ ''

'' ငါပြောတာကိုလဲခဏနားထောင်ပါအုံး ထင်ရာတွေဇွတ်ပြောနေတော့တာပဲကွာ အခုကမင်းမားကငါ့ကိုလာခိုင်းထားတာ အဲ့တာကြောင့်.. ''

သူ့စကားကြောင့်xzကတိခနဲရပ်လိုက်ပီး အရင်လန့်လို့ပြူးနေတဲ့မျက်လုံးလေးကထပ်ပြူးကျယ်လာရပြန်တယ်။

'' ဟမ်? ဟုတ်..ဟုတ်လို့လား တကယ်ပြောနေတာလား? ''

ybကခေါင်းညိတ်ပြလိုက်တယ်။ ပီးတော့ မျက်လုံးလေးပြူးနေတဲ့xzကိုနင့်နေအောင်ဆွဲဖက်လိုက်တယ်။

'' အင့် ဖြည်းဖြည်း..... ''

xzမှာရုတ်တရက်မို့အသက်ရှူတောင်ကြပ်သွားရတယ်။

အရိုးတွေတောင်ကျိုးကုန်ပီလားပဲ!

ybကလှုပ်စိလှုပ်စိဖြစ်နေတဲ့ခေါင်းလုံးလုံးလေးကိုငုံ့နမ်းလိုက်တယ်။ xzမှာလဲထိုအခါမှybကိုပြန်လည်ဖက်တွယ်ပီးရင်ခွင်ထဲကနေမျက်နှာလေးမော့ကာကြည့်လိုက်တယ်။

'' ဟီးဟီး ''

ybကလွမ်းနေတဲ့မျက်နှာလေးကိုအကြာကြီးစိုက်ကြည့်နေပီးမှ ဖောင်းနေတဲ့ပါးလေးကိုအသံမြည်အောင်နမ်းလိုက်တယ်။

xzကမလုံမလဲနဲ့ဟိုသည်ကြည့်ရပြန်တယ်။

ဒီကောင်ဟာလေ..လုပ်လိုက်ရင်ဇွတ်တရွတ်ကြီးပဲ!

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Feb 12, 2023 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ကျွန်တော့်ချစ်သူ ဆိုးပေလေးOù les histoires vivent. Découvrez maintenant