“နှစ်ယောက်တစ်ယောက်ကို သေနတ်တွေ လိုသေးလို့လားကွ။ ဒါဆို လူမိုက်မလုပ်နဲ့ ထမိန်သာဝတ်ထား။”

“တောက်လူပါးဝလို့ ခွေးကောင်။”

စိုင်းကို စကားကြောင့် နှစ်ယောက်စလုံး သေနတ်တွေ ဘေးကို ချလိုက်ကြပါတော့တယ်။ စိုင်းကို တိုက်ခိုက်ဖို့ ပြင်လိုက်ရင်း အနေအထားကို စောင့်ကြည့်နေ လို်က်ပါတော့တယ်။ ရှေ့က ကောင်နှစ်ယောက်က တိုင်ပင်ကိုက်ကာ တက်ညီလက်ညီ ဝင်လာတာမို့ စိုင်းကို မနဲသတိထားရင်း တိုက်နေတဲ့ ကြားက နံစောင်းကို ဖျတ်ကန်ခံရကာ လွင့်သွားပြီး ဘေးက လက်ရမ်းသံဘောင်နဲ့ ထိကာ ခွေခနဲလဲကျ သွားပါတော့တယ်။

“အား…။”

နောက်ကနေ စိုင်းကို ကို ခုန်ကျော်ကာ တက်လာတဲ့ စိမ့်ကြောင့် ရှေ့က နှစ်ကောင် တစ်ယောက်က မျက်နှာကို ဒူးနဲ့ တိုက်ခံလိုက်ရသလို နောက်တစ်ယောက် ကလည်းမျက်နှာကို ခွပ်ခနဲ နေအောင် ထိုးခံလိုက်ရပါတော့တယ်။ ဒါပေမယ့် အတော် အကြောမာပုံ ရတဲ့ နှစ်ကောင်က ဟန်ချက်ပျက် သွားပေမယ့် လဲကျသွားခြင်းမျိုး မရှိပေ။ စိမ့် မတ်တပ်ပြန်ရပ်လိုက်ပြီး စိုင်းကို ကို လှည့်မကြည့်ပဲ လက်ကို ဖြန့်ပေးလိုက်တော့ စိုင်းကို စိမ့်လက်ကို ကိုင်ကာ ထလာပါတော့တယ်။

“မင်းတို့ကောင်တွေ ဘယ်အဖွဲ့ကလဲ? ဘာကိစ္စနဲ့ ပြသနာလာရှာတာလဲ?”

စိုင်းကို အမေးကြောင့် နောက်မှာ ထိုင်နေတဲ့ သူက ထရပ်လိုက်ရင်း သူ့ဘေးက လက်ရမ်းမှာ ချည်ထားတဲ့ ကြိုးကို အေးဆေးဖြုတ်နေပါတယ်။ ပြီးတော့ သူ့လက်နဲ့ ကိုင်ထားလိုက်ရင်းက တဟားဟား ရီနေပါတော့တယ်။ စိမ့် စိုင်းကို နားကပ်ခါ ခပ်တိုးတိုးပြောပြလိုက်တော့ စိုင်းကို ချက်ခြင်းပဲ

“မင်းမကျေနပ်ရင် ငါတို့နဲ့ ရှင်းလေ။ သူနဲ့ ဘာဆိုင်လို့လဲ သူ့ကို လွှတ်ပေးလိုက်ပါ။”

“မင်းပြောတာနော်။ ငါတကယ်လွှတ်ပေးလိုက်ရမလား။”

ပြောရင်းလက်က ကြိုးကို လျှော့ချလိုက်တာမို့ မျိုးသက် အောက်ဖက်ကို လျောကျလာလို့ လာပါတော့တယ်။ စိမ့်ကော စိုင်းကိုပါ ရုတ်တရက် လန့်သွားကာ

Seint (စိမ့်) << Completed >>Where stories live. Discover now