3

784 55 4
                                    

At 2:00 AM

"အင်းးး နာလိုက်တာ.."

"မင်းနိုးပြီးလား?"

"ဟမ် မောင်မအိပ်သေးဘူးပဲ..။ညနှစ်နာရီတောင်ရှိနေပြီ"

"အင်း ငါအိပ်မရလို့..မင်းသက်သာတယ်ဟုတ်?"

"အမ်..အော်အင်း ငါသက်သာပါတယ်မောင်ရယ်.."

"မင်းပြန်အိပ်လိုက်တော့..မနက်ကျ ငါရုံးသွားမှာမဟုတ်လို့ အေးအေးချမ်းချမ်း အိပ်..မနက်စာကို ငါနဲ့လုလုက ပြင်ဆင်မှာမို့"

"ဒါပေမဲ့.."

ရှောင်ကျန့်၏ မျက်လွှာတစ်ချက် လှန်ကြည့်မှုကြောင့် ရိပေါ်၏ကိုယ်လေးမှာ တွန့်သွားရသည်..။

ထိုအကြည့်သည် မငြင်းရ!ဆိုသည့်ထပ် *မင်းငြင်းရဲငြင်းကြည့် ငါအဆိုးမဆိုနဲ့*ဟု ချိန်းခြောက်သည့် အကြည့်မျိုးပင်။

"မောင် မောင့်သဘောအတိုင်းပါ..ဒါဆို ငါ ပြန်အိပ်တော့မယ်နော်"

"အင်း.."

_____________

* ဒေါက် ဒေါက် *

"ဝင်ခဲ့"

"ကော..သက်သာရဲ့လား"

"သက်သာပါတယ် လုလု..ဒါနဲ့ကော‌မေးရအုန်းမယ်..မင်ဇယ်ရှိတုန်း"

"အမ်..?မေးလေ ဝမ်ကော"

"မင်းတို့‌တွေ လက်ထပ်ဖို့စိတ်ကူးရှိရဲ့လား?ရှိတယ်ဆိုရင် ကောမင်းတို့လက်ထပ်စေချင်ပြီ"

"အိုက်ယား..ကောကလည်း စောပါသေးတယ်..ညီမတို့ လွတ်လွတ်လပ်လပ်နေ‌ချင်သေးတယ်"

"အရူးမလေး..နေလို့မရတော့ဘူး လုလုအသက်က 20ကျော်ပြီလေ..သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမှာပေါ့..နောက်ပြီး ‌အာဇယ်နဲ့တွဲလာတာက 1နှစ်ကျော်ပြီမလား.."

"ဟုတ်ပါတယ်..ဒါပေမဲ့ ညီမ အဆင်သင့်မဖြစ်သေးဘူး"

"ဟက်.."

"ကော ဘာလို့ရီတာလဲ!?"

"မဟုတ်ပါဘူး..ကော ဘယ်အရွယ်တည်းက အိမ်ထောင်ကျခဲ့သလဲဆိုတာ သိချင်လား"

"အွန်း!"

"ကော မောင်နဲ့ 19နှစ်အရွယ်တည်းက အိမ်ထောင်ကျခဲ့တာ..အထက်တန်းပြီးခါစ အရွယ်..အချစ်ဆိုတာတောင် ဘာမှန်းမသိခဲ့သေးဘူး။မိဘတွေကိုမငြိုစေချင်တာကြောင့် မောင်နဲ့လက်ထပ်ခဲ့တာ..5နှစ်နီးပါထိ ချစ်ခဲ့ကြတယ်"

LAST TIME Where stories live. Discover now