အပိုင်း (၁၂/z)

Start from the beginning
                                    

စာလွှာလေးကို အဆုံးထိဖတ်ပြီးစဉ် မြ စိတ်လိုလက်ရပြုံးမိ၏။ အချစ်ခံရသည့် ခံစားချက်ဆိုတာ ဒီလိုပါလားဟု အသက်လေးဆယ်ကျော်မှ သိလိုက်ရတဲ့အဖြစ်။

" ချစ်တယ် ဒါလင် "

ဆင်ဝင်အောက်မှ ကားစက်ရပ်သံသည် ဧည့်ခန်းအတွင်းသို့ပင် တိုးဝင်လာ၏။ စာလွှာနှင့်အတူပါလာသည့် ရင်ထိုးလေးအား မြ ဝဲဘက်ရင်အုံ၌ ထိုးချိတ်တပ်ဆင်လိုက်ပြီး အိမ်ရှေ့သို့ ပြေးထွက်သွားမိသည်။

တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှ အရာခပ်သိမ်းသည် မြူမှုန်များကဲ့သို့ လေနှင့်အတူ ရောနှောပျောက်ကွယ်သွားကြ၏။ ချစ်လှစွာသော ဒေါ်ဒေါ်ရဲ့မျက်နှာကို ဦးစွာမြင်ရခြင်းမှာ ကမ္ဘာကြီးတစ်ခုလုံးအား အပိုင်စားရလိုက်သလိုနှယ်။ ဆီးကြိုနေသူ၏ အပြုံးလှလှသည် ရူးသွပ်ဖွယ်ကောင်းသော လက်နက်တစ်ခုဖြစ်မည်။ ကားပေါ်မှ ချက်ချင်းမဆင်းနိုင်ပဲ ငုတ်တုပ်ငေးနေမိသည်အထိ လူကိုပြုစား၏။

မြန်မာဝမ်းဆက်ရင်ဖုံးလေးနှင့် ကျက်သရေရှိနေပါသော အိမ်သူသက်ထား။ မနက်ကစည်းပေးလိုက်သော ကျစ်ဆံမြီးသေးသေးလေးမှာ အနည်းငယ်ပွယောင်းလို့နေ၏။ သို့သော်လည်း ဖြည်ချလိုက်ခြင်းမရှိသည်မို့ စိတ်ထဲကြည်နူးရပြန်လေပြီ။

" ဒါလင် "

" အမောကိုပြေနေတော့တာပဲ ဒေါ်ဒေါ်ရာ "

အခုမှ သတိထားမိပါသည်။ ‌ဒေါ်ဒေါ်ရဲ့ ရင်ဖုံးအင်္ကျီအဖြူပေါ်၌ ကပ်ငြိတွယ်နေသော ရွှေအိုရောင်ပိတောက်ပန်းပုံ ရင်ထိုးသေးသေးလေး။ လက်ထဲတွင်ဆုပ်ကိုင်ထားသည်က ရည်းစားစာဆိုသော ခေါင်းစဉ်ဖြင့် ပေးထားခဲ့သည့် စာအိတ်လေး။

" ဘယ်လိုလဲ ရည်းစားစာက ရင်ဖိုစရာကောင်းပါရဲ့လား "

" သိပ်ကိုမှပေါ့ ဒါလင်ရယ် "

" ဒီနားကိုလာပါဦး၊ ခင်ဗျားလက်လေးကို ကျုပ်ဆုပ်ကိုင်ချင်လို့ "

" ဖက်ထားချင်လည်း ရတယ်နော် သိလား "

သိပ်ကဲလွန်းနေတာပဲ ခင်ဗျားရယ်။
ကျုပ်စိတ်မထိန်းနိုင်ပဲ နမ်းလိုက်မိလို့ကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ဖြစ်တော့မှာပဲ။ ခင်ဗျားယူထားတဲ့ မိန်းမက ပေါ့သေးသေးမဟုတ်တာ မေ့နေသလားကွယ်။

မူပိုင် [အတွဲ တစ်]Where stories live. Discover now