ဝိုင်(အပိုင်းပို valentine's day)

21.4K 909 36
                                    

Unicode

"ကိုကို မောင်သွားပြီနော်"

"အင်း ကောင်းကောင်းသွားနော် "

ရွတ်

သမီးရှေ့မှာမို့မောင်က သူ့နဖူးသာအနမ်းလေးပေးသည်။

"ဖေရီး တာ့တာ"

"တာ့တာ ပါဗျာ"

ရွတ်

သူ့လက်ထဲမှပိုးပိုးလေးကိုလည်း ပါးလေးတစ်ချက်နမ်းသည်။ထို့နောက် မောင့်ကားလေးဟာ အိမ်ထဲကထွက်သွားသည်။

ဟုတ်ပြီ...လုပ်ငန်းစမယ်။မနက်ဖြန်ချစ်သူများနေ့ (valentine's day)လေ။အဲ့တော့ သူချစ်ရတဲ့မောင့်အတွက် ချော့ကလက်ကျွေးရမယ်။ဝယ်ကျွေးမှာမဟုတ်ဘူး။သူကိုယ်တိုင်လုပ်ကျွေးမှာ။ဒါမှကိုယ်လုပ်ကျွေးတာလေးကို မောင်စားတာကြည့်ပြီး ကြည်နူးရမှာ။ကိုယ့်အတွေးနဲ့ကိုပြုံးစိစိပင်။သမီးကို နာနီနဲ့ထိန်းခိုင်းထားပြီး ကိုယ်ကတော့ ချော့ကလက်လုပ်ဖို့ ပြင်လိုက်သည်။အရင်ဆုံးချော့ကလက်တုံးကို ဓါးနဲ့လှီးပြီးအမှုန့်ဖြစ်အောင်လုပ်။ပြီးရင်ထောပတ်ခဲထည့်မယ်။သကြားကိုရေနဲ့ဖျော။whipping creamကိုဒယ်အိုးနဲ့အပူပေးပြီးရင်နို့ဆီရော။ပြီးရင်မွေမယ်။လိုအပ်တဲ့အနေအထားရောက်တော့ ဒယ်အိုးကိုချလိုက်ကာ စောစောကသကြားရည်ကို ထည့်မွေပြီးရင်ချော့ကလက်အမှုန်လေးတွေထည့်ထားတဲ့ ခွက်ထဲထည့်။ပြီးရင်အကုန်ရောသမမွှေ။တော်တော်ကြာကြာမွှေပြီးတော့ ပုံစံခွက်လေးထဲလောင်းထည့်။အချစ်ကိုဖော်ပြချင်တာမို့အသည်းပုံ ပုံစံခွက်လေးသုံးလိုက်သည်။ပြီးရင်ရေခဲသေတ္တာထဲ ၆နာရီအအေးခံမယ်။ပြီးပြီ ဒါပဲ..ငါလေးတော်လိုက်တာ။ဒီတိုင်းသာဆို vlogရိုက်ရင်အောင်မြင်ပြီ။

Oh...and you look as beautiful as ever and I swear that everyday you'll get bettter
You make me feel this way somehow
I'm so in love with you and I hope u know .
Darling, your love is more....

ဖုန်းသံမြည်လာသည်။ဒီသီချင်းနဲ့ ဖုန်းသံဆိုမှတော့တစ်ယောက်သူပင်။လွန်ခဲ့တဲ့နာရီဝက်ကမှ ထွက်သွားတာကို ဘာဖြစ်လို့ပါလိမ့်။

"ဖေ့ ဖုန်း ဖုန်း"

"ဪ အေးအေး "

သွားယူမည်အလုပ် ဧည့်ခန်းထဲကနေသူ့ဖုန်းကို ကိုင်ကာယူပေးလာတဲသမီးကြောင့် ပြုံးမိပြန်သည်။စည်းထားတဲ့ကြက်တောင်စီးလေးက ပြေးလာတော့တယမ်းယမ်းနဲ့ပါးမို့မို့မှာလည်း ပါးကွက်လေးနဲ့တကယ်ချစ်စရာကောင်းပါသည်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now