1

3.9K 83 0
                                    

Unicode

တရိပ်ရိပ် ပျံ့လွှင့်နေသည့် ကော်ဖီခွက်ထံမှ အရိပ်ငွေ့များကို အကြောင်းမဲ့စိုက်ကြည့်နေမိခဲ့၏။ယနေ့မှ ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်သလိုဖြစ်နေသည်။

"အဟမ်း "

မျက်နှာချင်းဆိုင်ရှိသူ၏ ချောင်းဟန့်သံကြောင့် လူပ်လူပ်ရှားရှားဖြစ်သွားကာ အကြည့်များကို ကော်ဖီခွက်ထံ့မှတစ်ဆင့် သူ့ဆီသို့ပြောင်းလဲကာ ကြည့်လိုက်မိသည်။ဒါပေမဲ့ သူ့ရဲ့အကြည့်များကတော့ ကျွန်တော့်ဆီရောက်မနေဘဲ တခြားဘေးဘီဝဲယာကိုသာ လွဲထားလေသည်။

"မိုး...ကိုယ်..."

စကားပြောရန်ပြင်လိုက်ချိန် သူ့အားကြည့်နေသည့် ကျွန်တော်နှင့်မျက်လုံးချင်းစုံမိသွားတာကြောင့် ပြောစရာစကားများ ရုတ်တရက်ပျောက်သွားသည်ထင်ပါသည်။ကျွန်တော်လည်း ဆက်ပြောရန် မတွန်းတိုက်မိခဲ့ပါ။သူ့ဆီက ဘယ်လိုစကားများကြားရမည်ဆိုတာကို ကြိုရိပ်မိနေသောကြောင့်ဖြစ်ပါလိမ့်မည်။ဒါကြောင့် အာရုံလွဲသွားရန် ချထားသည့်ကော်ဖီခွက်ကိုယူလိုက်ပြီး သောက်ရန်ပြင်လိုက်၏။

"ကိုယ်တို့ လမ်းခွဲရအောင် "

သူ၏စကားများသည် ကျွန်တော်အခုသောက်လက်စကော်ဖီလိုပင် အေးစက်ပြီးခါးသက်နေခဲ့သည်။

ကော်ဖီခွက်ကိုချက်ချင်းချလိုက်ပြီး အလှမ်းဝေးသည့်နေရာသို့ပြောင်းထားလိုက်၏။တစ်ချိန်ကကော်ဖီခါးခါးကို အသည်းစွဲအောင်ကြိုက်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ နောက်တစ်ခါထပ်ပြီးမမော့သောက်ချင်လောက်တော့အောင်ကိုမုန်းမိသည်။

"မိုး...ကိုယ် ပြောတာကိုကြားလိုက်လား "

ကျွန်တော့်ပုံစံက အရမ်းကိုအေးဆေးသလိုဖြစ်နေတာကြောင့် သူပြောတာကိုမကြားလိုက်လို့ ဟုထင်သွားသည်ထင်ပါ၏။ကျွန်တော်ကြားပါသည် ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိကမ္ဘာပျက်မတတ်ဝုန်းဒိုင်းကြဲနေသည်ကို သူမရိပ်မိတာကိုလည်း အံ့ဩမိသည်။

ကျွန်တော် အသက်ကို တတ်နိုင်သလောက် ၀အောင်ရှူသွင်းလိုက်ပြီး...

Change For You( သူ့အတွက်သာလျှင်)(U+Z)Where stories live. Discover now