အချို့ကလည်း သူ့ပန်းချီပြခန်းအကြောင်းပြောပြီး ဂုဏ်ယူကြောင်းပြောကြတယ်။သူကတော့ လူရှုပ်တာမျိုးကို မကြိုက်သောကြောင့် စကားအနည်းငယ် လက်ခံပြောပြီးတာနဲ့ အားလုံးကို နှုတ်ဆက်လိုက်တယ်။
" ဆန်းနေ .."
နေသစ် အခန်းထဲဝင်ရန်ပြင်စဥ္မှာပဲ မော်ကွန်းက သူ့နာမည်အားခေါ်လာလေတယ်။
" အင်း "
" ငါတောင်းပန်ပါတယ် "
လှေကားလက်ရန်းကိုကိုင်ရင်း တောင်းပန်စကားဆိုလာတဲ့ မော်ကွန်းကို နေသစ်လှည့်ကြည့်လိုက်တယ်။
" မလိုဘူး မော်ကွန်း ... ဒါက ငယ်သေးတဲ့စိတ်နဲ့ဖြစ်သွားတဲ့ကိစ္စတွေ။ငါကအခု ကလေးမဟုတ်တော့ဘူး။ဟိုအရင်ကကိစ္စတွေကို ငါမေ့ပစ်လိုက်တာကြာပြီ "
" အဲ့ဒါဆို မင်းဘာလို့ပြန်မလာတာလဲ "
" ငါ့ဝါသနာကြောင့်ပေါ့ ... မင်းကိုတော့အားနာတယ်မော်ကွန်း .. ငါ့ကိုယ်စားပါ မိသားစုတာဝန်ကို ယူပေးထားလို့ "
" ဒါကလည်း ယာယီသဘောမျိုးလောက်ပဲဖြစ်လိမ့်မယ် ... မင်းတလှည့်အနားယူဖို့လိုမယ်ထင်လို့ ငါပြန်လာတာ ... မင်းစိတ်ချလက်ချနဲ့ နားလို့ရတယ် "
" အင်း .. ကျေးဇူး "
နေသစ်ကစကားနည်း၏။သို့သော် မော်ကွန်းနဲ့ဆို သူကစကားပိုပြော၏။အမွှာတွေမို့ တစ်ယောက်အတွေးကို တစ်ယောက်နားလည်နေတာလည်း ပါလိမ့်မည်။တစ်ချိန်တုန်းကတော့ အတွေးတွေမတူခဲ့သော်လည်းပဲပေါ့။
နေသစ်ခေါင်းငြိမ့်ကာ အခန်းထဲဝင်လာခဲ့လိုက်သည်။သူစိမ်းမိန်းကလေးတစ်ယောက်ကြောင့် ညီအစ်နှစ်ယောက် တစ်သက်လုံးစကားမပြောနိုင်တော့ဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲမဟုတ်လား။သူကတော့ မိသားစုဆိုတဲ့အသိုက်အမြုံကို သူစိမ်းတွေကြောင့် ပြိုကွဲတာမျိုးမဖြစ်စေချင်ပါ။
•••••
" ဆိုရာ ငါမောနေပြီ မပြေးနဲ့တော့ "
ကြည့် ! သူပဲ မနက်စောစော အပြေးလေ့ကျင့်ချင်ပါသည်ဟုဆိုကာ ညွှန်းကိုမရမကခေါ်လာပြီး အခုကျမပြေးချင်ဖြစ်ရပြန်၏။
YOU ARE READING
ကြွေလွင့်သွားသော/ေႂကြလြင့္သြားေသာ
Part 12
Start from the beginning