"ကိုယ်က မြင့်မြတ်တော်ဝင်လို့ခေါ်တယ် ကိုယ့်ကားနဲ့ မင်းတိုက်မိသွားလို့ ကိုယ့်အိမ်ခေါ်လာတာ"

ဟုတ်သားပဲ  ကြွေ ပြေးရင်းနဲ့တိုက်မိခဲ့တာ ကြွေ ဉီးနှောက်အား အလုပ်ပေးမိတော့  မိက်ရည်များသာ တသွင်သွင် စီးကျ‌လာလေသည်

တော်ဝင် သူ့ကလေးလေးအား ငေးနေရင်း သူ့ကလေးဆီမှ မျက်ရည်လေးတွေကို မြင်တွေ့လိုက်ရတော့ တော်ဝင့်ရင်ဘက်အား ဓားနဲ့မွှန်းနေသလိုပင် ဘယ်အရာမှမကြောက်တတ်တဲ့ မြင့်မြတ်တော်ဝင်က ထိုကလေးလေးရဲ့ မျက်နှာငြိုးမှာ မျက်ရည်ကျမှာ အကြောက်ဆုံးဖြစ်နေခဲ့လေပြီ

"ကလေးငယ် မငိုရဖူး ဘာဖြစ်လဲ ကိုယ့်ကိုပြော "

"အဟင့် ‌ဖေ ဟင့် ဖေဘ ရှိတော့ဘူး ကြွေ့ကိုထားသွားပြီ အဟင့် "

နုနယ်လွန်းတဲ့ ကလေးငယ်အား ကံကြမ္မာက ရက်စက်လွန်းပေသည် 

"အင်း အင်း ကိုယ်သိပြီ မငိုနဲ့တော့လို့ ကိုယ်မပြောဘူး ကလေးငယ် ဝအောင်ငိုလိုက် ငိုပြီးရင် ကလေးငယ်ကိုဘယ်တော့မှ ထပ်မငိုရတော့အောင် Daddyကစောင့်ရှောက်မယ် Daddyအရိပ်အောက်မှာပဲ ပျော်အောင်နေ  "

လူဆိုတာ ချော့လျှင် ပိုငိုတတ်သည် မဟုတ်လား
ကြွေသည်လည်း ထိုသို့သောလူစားမျိုးပင်
ကြွေ ထိုလူ့ရင်ခွင်ထဲသို့ တိုးဝင်၍ ငိုပါတော့သည်

တော်ဝင် မိမိရင်ခွင်ထဲသို့တိုးဝင်လာသော ကလေးငယ်အားဖက်၍  ငိုနေသော ကလေးငယ်အား တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်

အတော်တန်ကြာ ငိုပြီးနောက် တော်ဝင့်အကျီတွင်လည်း ကလေးလေး သုတ်ထားသော နှပ်နှင့်မျက်ရည်များ စိုရွှဲသွားလေသည်  ကလေးငယ်ကျေနပ်ရင် ပြီးတာပါပဲလေ

"ကဲ Daddy ညစ်ပတ်အိုးလေး မျက်နှာသစ်ကြမယ် သစ်ပီးမှ ထမင်းစားမယ် ဟုတ်ပြီလား"

"ဟုတ် "  တော်ဝင် ကလေးအားချီလိုက်တော့ ထိုကလေးငယ်က မျက်လုံးလေးပြူးပြီးလိုက်ပါလာလေသည် ပြုတ်ကျမှာတော့ ကြောက်သား တော်ဝင့်လည်တိုင်ကို ဖက်ထားတာ ကျစ်လို့
တော်ဝင် ကလေးအား မျက်နှာသစ်နေရာက ကြွေပြားပေါ် နေရာချပေးလိုက်ပြီး သွားတိုက်ဆေးအား ညစ်ကာ သွားတိုက်တံတွင်ထည့်၍  ကလေးအား သွားစိခိုင်းလေတော့

ကြွေငယ်( Complete ❤)Où les histoires vivent. Découvrez maintenant