….. မင်းပဲချစ်ခဲ့လို့ မင်းပဲ အသည်းခွဲလို့ မင်းပဲမေ့နေလို့ ဝိုးဟိုးဟိုးဟူးဟူး အိုမင်းပဲ ချစ်ခဲ့လို့ အိုမင်းပဲ အသည်းခွဲလို့ မင်းပဲမေ့နေလို့ အိုးဟိုး ဝို့အိုးအိုး အိုမင်းပဲ ချစ်ခဲ့လို့ .…. လမ်းခွဲကို မရောက်ချင်ဘူး ဝမ်းနည်းစရာမဟုတ်ပေမယ့် အရေးထဲငါ အရမ်းတွေ ငိုချင်လို့ …. အို မင်းပဲ ချစ်ခဲ့လို့ ……

စိုင်းကို ကားကို လမ်းဘေးတစ်နေရာမှာ ထိုးရပ်လိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်ပါတယ်။ Line မှာတင်ထားတဲ့ မျိုးသက်ပုံလေး။ ပြီးတော့ မျက်စိထဲကို ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတဲ့ ခုနက ပုံရိပ်တွေ။ အခု စိုင်းကို ခံစားနေရတာ စိမ့်ငြင်းလိုက်လို့လား? မျိုးသက် ထားသွားလို့လား? စိုင်းကို ဝေခွဲမရဘူး။ စိမ့်ကို ချစ်သလို မျိုးသက်ကို ဘယ်အချိန်ထဲက ချစ်နေမိလဲ ဆိုတာလဲ စိုင်းကိုမသိပါဘူး။ ဒါပေမယ့် သေချာတာ တစ်ခုက စိမ့်ကို ချစ်သလို မျိုးသက်ကိုလည်း သူချစ် နေတယ် ဆိုတာပါပဲ။

….. လမ်းခွဲကို မရောက်ချင်ပေမယ့် လမ်းခွဲပြီ လမ်းတစ်ဝက်မှာ တစ်ခြားသူ ကြိုနေလို့ …. ဝမ်းနည်းစရာ မဟုတ်ပေမယ့်လဲ ဝမ်းနည်းသည် အရေးထဲမှာ အရမ်းတွေ ငိုချင်လို့ …. အို မင်းပဲချစ်ခဲ့လို့ မင်းပဲ အသည်းခွဲလို့ မင်းပဲမေ့နေလို့ အို့ဝိုဟိုးအိုး အို မင်းပဲချစ်ခဲ့လို့ အို မင်းပဲ အသည်းခွဲလို့ အိုမင်းပဲမေ့နေလို့ အို့ ဝိုဟူးဝိုး …….

လေယျာဉ်ပေါ်က မျိုးသက်၊ ကားပေါ်က စိုင်းကို၊ အိပ်ယာထဲက စိမ့် အားလုံး ရင်ထဲမှာ မွန်းကျပ်မှုတွေနဲ့ ပိတ်လှောင်နေကြပါတယ်။ ခံစားချက်တွေ ဝေခွဲမရ သလို နာကျင်မှုတွေ ခါးသက်မှုတွေ ဒါတွေက အချစ်တွေလား ဆိုတာ သူတို့ တကယ်ပင် မသိကြတော့ပါဘူး။

….. အို မင်းပဲချစ်ခဲ့လို့ ….. လမ်းခွဲကို မရောက်ချင်ဘူး … အို မင်းပဲအသဲခွဲလို့ … ဝမ်းနည်းစရာမဟုတ်ပေမယ့် … အရေးထဲ ငါအရမ်းတွေ ငိုချင်လို့ …. လမ်းခွဲကို မရောက်ချင်ပေမယ့် လမ်းခွဲပြီ လမ်းတစ်ဝက်မှာ တစ်ခြားသူ ကြိုနေလို့ …..

………………………………..

“အသုပ် နှစ်ပွဲ။”

အသံကြောင့် အသုပ်သုပ်နေရင်းက မော့မကြည့်ပဲ

Seint (စိမ့်) << Completed >>Where stories live. Discover now