Extra - 4 ( 🚨🔞🚨 )

Start from the beginning
                                    

ဖန်းဂူက ရှန်းဝေအနားသို့လျှောက်လာပြီး ချူးရှန့်ကိုမတားဖို့ပြောလိုက်တယ် ... ယာရှာ ဆုန်းချူနဲ့ ယုတို့က ချူးရှန့်နဲ့အတူ ပျော်ရွှင်စွာ စားသောက်နေကြပြီး ဖန်းဂူနဲ့ရှန်ဝေကတော့ တိတ်စိတ်စွာရပ်နေကြတယ် ...

" သခင်ကြီး မင်းယွီလဲမမြင်ပါလား ... သူပွဲကိုမလာဘူးလား "

ဖန်းဂူက မှိန်ပြပြမီးရောင်ထွန်းညှိထားတဲ့ စံအိမ်ကြီးပေါ်က အခန်းတစ်ခုထံအကြည့်ရောက်သွားပြီးမှ ရှန်ဝေအမေးကို ပြန်ဖြေလိုက်တယ် ...

" ယွီလေးကပါတီပွဲကိုလာချင်ပေမဲ့ ကိုယ်ဝန်က နေ့စေ့လစေ့ဖြစ်နေပြီ ... ဒါကြောင့်အခန်းမှာပဲ လုယီလေးနဲ့တူတူနေနေဖို့ပြောထားတယ် "

မင်းယွီအနားမှာမရှိတဲ့အချိန်မျိုးဆို ရှန်ဖန်းဂူရဲ့ပုံစံက သိသိသာသာအေးစက်ကာတည်ငြိမ်နေ၍ ရှန်ဝေလဲဘာစကားမှမဆိုရဲပဲ ချူးရှန့်ကိုသာ တိတ်တိတ်လေး ငေးကြည့်နေလိုက်တယ် ... ခနကြာတော့ ဖန်ဂူက တည်ကြည်လေးနက်စွာ ဆိုလာတော့တယ် ...

"ရှန်ဝေ ... ငါ့တပည့်ကို မင်းလက်အပ်လိုက်ရတာက ငါ့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပဲ ... ဒါပေမဲ့ သူ့အတွက်လဲ မိသားစုဆိုတဲ့ နွေးထွေးမှုကို ရရှိသင့်တာမလို့ ငါခွင့်ပြုလိုက်တာ ... သူကမင်းဂရုစိုက်စောင့်ရှောက်ပေးဖို့ မလိုလောက်အောင်သန်မာပေမဲ့ သူ့ကိုနွေးထွေးမှုတွေနဲ့ ပျော်ရွှင်အောင်ထားပေးပါ "

ဖန်းဂူဘာကြောင့် တိတ်ဆိတ်နေလဲဆိုတာ ရှန်ဝေ သဘောပေါက်သွားတယ် ... သူနဲ့ငယ်စဉ်ကတည်းက အတူကြီးပြင်လာပြီး သူယုံကြည်အားကိုရတဲ့သူ့ရဲ့ညာလက်ရုံးကို တစ်ခြားတစ်ယောက်ထံပေးလိုက်ရတော့မှာမို့ နှမြောနေခြင်းဖြစ်တယ် ... ရှန်ဝေလဲ ဖန်းဂူရဲ့တောင်းဆိုမှုကို လေးနက်စွာလက်ခံလိုက်တယ် ...

" စိတ်ချပါသခင်ကြီး ... ကျွန်တော်ချူးကောကို ပျော်အောင်ထားမှာပါ "

" ဒီညမင်းတို့အတွက် ဒီအိမ်ဆောင်မှာပဲ အခန်းသီးသန့်ပြင်ဆင်ပေးထားတယ် ... မင်းတို့အိမ်တော်မှာဆိုမလွတ်လပ်မှာဆိုးလို့ ... ပြီးတော့ ဒီအိမ်ဆောင်က ချူးရှန့်လက်ထပ်ပြီးရင် ငါသူ့အတွက်လက်ဖွဲ့အဖြစ်ပေးဖို့တွေးထားတာ ... အဲ့ဒါကရှန်ဟွှာရဲ့မြေပေါ်မှာပဲမို့ လုံခြုံစိတ်ချရတယ် ... ပြီးတော့မင်းတို့သီးသန့်နေထိုင်နိုင်ဖို့အိမ်အဖြစ်ပြောင်းလဲလို့လဲရတယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now