အပိုင်း [၂၆]

Start from the beginning
                                    

''မဟုတ်တာ၊ကိုယ့်ကို ကျေးဇူးတင်စရာမလိုပါဘူး "

''တကယ် အများကြီးကျေးဇူးတင်ပါတယ်"

''ဟာ ရပါတယ်ဆိုကွာ၊
ရှင်းမြတ် မင်းလူကိုပြောပါဦး"

ရောင်နီကမနေတတ်ဟန် ခေါင်းကုတ်၊ဖင်ကုတ်နှင့်။
စိတ်အခြေအနေအောက်ဆုံးထိထိုးကျနေသည့်ကြားမှ
ရောင်နီ့ပုံစံကြောင့် ရှင်းမြတ်ရယ်မိမတတ်။

''ချမ်းမြေ့...လာပြန်အိပ်လိုက်ဦး"

ပေကပ်ပြီးရပ်နေဆဲဖြစ်တဲ့ချမ်းမြေ့ကို
ရှင်းမြတ်ကပဲကုတင်ဆီမရမကပြန်ဆွဲခေါ်ရသည်။
ပျော်ရွှင့်ကိုစိတ်ပူတာလည်းပူပေါ့၊
ချမ်းမြေ့ကိုယ်တိုင်လည်း နေမကောင်းဘူးမဟုတ်လား။

ကုတင်မှာချမ်းမြေ့ကိုလှဲစေပြီး
ဘေးနားမှခုံဆွဲယူကာထိုင်ပြီး ချမ်းမြေ့လက်ကို
ဆုပ်ကိုင်ပေးထားလိုက်သည်။

''ဘာမှတွေးမနေဘဲ အိပ်ပျော်အောင်အိပ်လိုက်၊
မင်းနေကောင်းပြီးအားရှိနေမှဖြစ်မှာလေ၊
မင်းမိသားစုက မင်းကိုလိုအပ်နေတယ်ချမ်းမြေ့"

ချမ်းမြေ့ အသက်ရှုသံမှန်မှန်လေးနဲ့
အိပ်ပျော်သွားတဲ့အချိန်မှာရှင်းမြတ်မှာလည်း
ကုတင်နံဘေးထိုင်ကာငိုက်နေမိပြီ။
ထိုစဥ် သူ့လက်ကိုလာကုတ်တဲ့အထိအတွေ့ကြောင့်
ရှင်းမြတ်လန်နိုးကာကြည့်မိတော့
ဆုမြတ်သွယ်က နှုတ်ခမ်းနားလက်ညိုးထောင်ကာ
ရှူးလုပ်ပြလာသည်။

''စကားနည်းနည်းလောက်ပြောရအောင် ကိုရှင်း"

ဆုမြတ်သွယ်က လေသံလေးနဲ့ပြောလာသည်။
ထို့နောက် နှစ်ယောက်သားလူရှင်းရာချောင်အရပ်သို့
ဦးတည်သည်။ဆေးပေးခန်းကမီးရောင်ကြောင့်
အပြင်ကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

''ဘာပြောမလို့လဲ ဆုမြတ်သွယ်"

ဆုမြတ်သွယ်က တောင်ကြည့်၊မြောက်ကြည့်နှင့်
လူရှင်းမရှင်းကြည့်ကာ...

''ဟိုပြောသင့်လားမသိပေမယ့်လေ ကိုရှင်း"

''ပြောမှာသာပြောပါ"

ဆုမြတ်သွယ်က ရှင်းမြတ်ဒီပါရဲ့
မျက်နှာအရိပ်အကဲကြည့်ကာ

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Where stories live. Discover now