ညီမလေးနှင့်လည်း အဆင်ပြေကာ အိမ်ကို မိုးမလင်းခင်ကတည်းက ဝင်ထွက်နေတတ်သူသည် ခဏတာကာလအတွင်းမှာပင် မေမေ့၏ အချစ်တော်ရာထူးကို ပြိုင်ဘက်မရှိ အရယူသွားတော့သည်။
"ညီလေးရေ ကိုကြီးကို ရေလေးခပ်တိုက်ပါဦးကွာ မောလာလို့ "
အိမ်ထဲ ဝင်လာသည်နှင့် တင်တင်စီးစီး သုတကို ခိုင်းပြန်သည့်သူ။
အသံက သုတ မကြိုက်သည့် နာမ်စားတွေကိုပါ တမင်ထည့်သုံးထား၍ နားခါးလှသည်။
"ခင်ဗျားမှာ လက်ကော ခြေကော အကောင်း ခပ်တိုက်စေချင်ရင် အရင် ချိုးလိုက်"
"ဟေ့ကောင်! အကြီးကို! မေပြုံးသားက သားကို လက်တွေခြေတွေ ကျိုးခိုင်းနေတယ်ဗျ သားက ရေလေးခပ်တိုက်ခိုင်းတာကို "
သုတကို ရန်စွာပြီး မေမေ့ကိုပါ တစ်ဆက်တည်းအော်တိုင်နေသည့်သူက အကြီးလည်း သိပ်ဖြစ်ချင်သည်။ ပုံစံက သူငယ်နှပ်စားဖြင့်။ အကြီးဖြစ်ချင်လျှင် အကြီးလိုနေမှ လေးစားနိုင်မည် မဟုတ်လား။ ထိုလူ့တွင် သုတ အသိအမှတ်ပြုနိုင်သည့် လေးစားအားကျဖွယ် စံနမူနာတို့ နတ္ထိ။
"သားကလည်းကွယ် ကိုယ့်အစ်ကို ကို ဘယ်လိုတွေ ပြောနေတာလဲ အကြီးကို ရိုင်းတာ မေမေ မကြိုက်ဘူးနော်! လာ သား ကိုဇေ မင်းညီ ခပ်မတိုက်လည်း မေပြုံး ခပ်တိုက်မှာပေါ့ လာ မီးဖိုထဲ ပူတင်းပါ ဖုတ်ထားတာ ကျွေးချင်နေတာ"
မေမေက သုတကို မျက်စောင်းဝင့်ကာ မာန်ပြီး မွေးစားသားကိုတော့ ယုယုယယကို အနောက်ကို ခေါ်သွားတော့သည်။
လျှာထုတ်ပြောင်ကာ မေမေ့နောက် ပါသွားသူသည် သုတ စိုက်ကြည့်တော့ မဲ့ကာ မေပြုံးဟု တိုးတိုးကပ်ချွဲသွားပြန်သည်။သိပ်ကို တတ်နိုင်လွန်းသည့် အရှုပ်ထုတ်ပင်။
ဪ ထိုလူ့နာမည်က ကိုဇေရတုတဲ့။
နာမည်နှင့် လူနဲ့ အရမ်း လိုက်ဖက်လွန်းသည်မှာ ဆန်ကျင်ဘက်သဘောဖြင့်။~*~
"အား! မေမေ နာတယ်ဗျ သားလည်း ဖြေခဲ့တာပဲကိုဗျာ ဘယ်လိုဖြစ်မှန်းမှ မသိတာ အဟင့်! ဆရာမတွေက ဘယ်လိုတွေ စစ်မှန်းမှ မသိတာကို""တိတ်စမ်း! ဘာကို ဆရာမကို စော်ကားနေပြန်တာလဲ! ဟမ်! နင် အလေလိုက်ပြီး စာမလုပ်လို့ ကျတာပေါ့ဟဲ့! နင် ရပ်နေစမ်း! ဖြန်း!"
စာကြမ်းပိုးလေးက ကျနော့်ကိုဆူတယ်(Z)
Start from the beginning