"ဝမ်လေးနဲ့မဆိုင်ဘူးလို့မားကိုဘယ်နှခါပြောရမလဲ ပြီးတော့ ဝမ်လေးကနစ်နာသူ သူ့ကိုဘာအပြစ်မှတင်လို့မရဘူး နောက်နေ့ကျမှ ယွင်မိသားစုရဲ့ရှယ်ယာတွေရှင်းထုတ်ဖို့ ပါပါးဆီသားလာပြောပါ့မယ် အခုတော့သွားခွင့်ပြုပါအုံး"
ရှောင်းကျန့်ကထွက်သွားပြီမို့ ဘေးမှာထိုင်နေသော ယောင်္ကျားဘက်ကိုကြည့်လိုက်ရင်း....
"ရှင်ကဘာမှဝင်မပြောတော့ဘူးလား"
"သားကျန့်က ကလေးမဟုတ်တော့ဘူး လုပ်ငန်းကြီးတစ်ခုလုံးလဲကိုင်တွယ်နေနိုင်ပြီ သူ့ဘာသာသူစဉ်းစားဆုံးဖြတ်နိုင်ပြီ ကိုယ်ကဘာဝင်ပါစရာလိုသေးလို့လဲ"
"ကောင်းခြင်း ဆိုးခြင်းကတော့ဝင်ပြောရမှာပဲရှင်"
"သားကျန့်ကိုလွှတ်ပေးထားလိုက်ပါမိန်းမရာ ကိုယ်တို့ကနေရာတကာဝင်ပြောနေဖို့မလိုပါဘူး"
.........
ရှောင်းကျန့်အိပ်ခန်းထဲဝင်လာတော့ သူထားခဲ့တဲ့အတိုင်းပဲ ကုတင်ပေါ်လေးမှာငုတ်တုတ်လေးထိုင်နေသော ဝမ်လေး...
"နာနေသေးလား"
ရိပေါ်ရှေ့ဒူးတစ်ဖက်ထောက်လို့ထိုင်ချလာတဲ့ကိုကိုးကို ခေါင်းခါပြရင်း ပါးပေါ်ကလက်ဝါးရာကိုမြင်လိုက်ရတာမို့ ရိပေါ် အထိတ်တလန့်နဲ့ပင်...
"ကိုကိုး...ကိုကိုးပါးက..."
"ဘာမှမဖြစ်ပါဘူး ခဏနေကောင်းသွားမှာ"
"ကျွန်တော့ကြောင့်....အင့်!"
ရိပေါ်ကိုတွန်းလှဲချပြီး ကိုကိုးကအပေါ်ကနေအုပ်မိုးလာတယ်....ပြီးတော့ ရိပေါ်ရဲ့မျက်နှာကိုသေချာကြည့်နေရင်း...
"ဝမ်လေးကြောင့်မဟုတ်ပါဘူး အဲလိုမတွေးနဲ့"
"ဒါပေမဲ့ အွန့်!!!"
နှုတ်ခမ်းချင်းထပ်တူကျလာတော့ ရိပေါ်လန့်သွားတယ်....
ရုန်းနေတဲ့ရိပေါ်ကို လက်နှစ်ဖက်ချင်းယှက်ကိုင်ထားပြီး ကိုကိုးကဆက်နမ်းတယ်....နူးညံ့တယ်...
ကိုကိုးရဲ့နှုတ်ခမ်းချင်း အထိအတွေ့တွေကငြင်သာစွာနဲ့ပဲ ရှိနေတယ်....
CZYTASZ
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....