ရှောင်းကျန့်ရဲ့စကားအဆုံး ယွင်ဥက္ကဌနဲ့ကောင်းမုတို့ မျက်နှာပျက်ကြသွားတယ်....
ရှောင်းကျန့်လိုချင်တာအဲဒါပဲ သူ့တုတ်နဲ့သူပြန်ရိုက်သလိုမျိုး...
ပါပါးတို့လို ဂုဏ်သိက္ခာတန်ဖိုးထားတဲ့သူတွေအနေနဲ့ ယွင်မိသားစုသာ တရားမဝင်လုပ်ငန်းတွေလုပ်နေတာကိုသိရင် သွေးတက်လိုက်မယ်ဖြစ်ချင်း....ချက်ချင်းကိုအိမ်ထဲကတောင်မောင်းထုတ်နိုင်တယ်....

"ကော ကော ယွင်အာမှားပါတယ်နော် နောက်မလုပ်တော့ဘူးမို့ စေ့စပ်ပွဲကိုတော့မဖျက်လိုက်နဲ့လေနော် ဟင့်... အန်တီရှောင်း ကူပြောပေးပါအုံး"

"....."

ယွင်အာက ဒူးထောက်မတတ်ပြောနေပေမဲ့ ရှောင်းကျန့်ရဲ့မားကတော့ မျက်နှာကိုတဖက်လှည့်သွားတယ်....

"ယွင်အာ သမီး ဒီလိုမျိုး ဗလောင်းဗလဲနိုင်တဲ့မိသားစုကိုဘာမှတောင်းပန်နေစရာမလိုဘူး ဒီမှာရှောင်းကျန့် ဒီနေ့ဖြစ်တဲ့ကိစ္စကိုငါတို့မှတ်ထားတယ် မင်းတို့လုပ်ငန်းတွေအကုန်တစစီဖြစ်အောင်လုပ်ပြမှာမို့ မင်းစောင့်ကြည့်နေလိုက် ယွင်အာ သွားမယ် ကောင်းမု!"

"ဟုတ်ကဲ့အစ်ကိုကြီး"

ယွင်မိသားစုထွက်သွားတော့....

ဖြန်း!

ရှောင်းကျန့်မျှော်လင့်ပြီးသားအရာတစ်ခုကို မားကလုပ်လိုက်တယ်....
မျက်နှာပေါ်ကနာကျင်မှုက ရှောင်းကျန့်ကို စိတ်မကောင်းဖြစ်စေရုံပဲရှိတာပါ....

"ဘာတွေမတိုင်ပင်ပဲလုပ်ခဲ့တာလဲကျန့်ကျန့် မားတို့ကိုရှိတယ်လို့မှအောက်မေ့သေးရဲ့လား ဟိုကောင်လေးကိစ္စနဲ့နှစ်ဖက်မိသားစုကိုမျက်နှာပျက်အောင်လုပ်ရတဲ့အထိလား ဟုတ်လား ဟမ်"

"ကျွန်တော်လုပ်ခဲ့တာတွေက မားတို့ဂုဏ်သိက္ခာအတွက်ပဲ ယွင်မိသားစုအကြောင်း မားတို့ထက် ကျွန်တော်ပိုသိတယ်"

"မင်းသိတယ်ဆိုလည်း မားတို့နဲ့တိုင်ပင်သင့်တယ်မဟုတ်ဘူးလားကျန့်ကျန့် အခု လူကြားထဲမှာ ဘယ်သူမှားလဲမှန်လဲမသိပဲနေခဲ့ရတာလေ ဟိုကောင်လေးနဲ့ပတ်သတ်ရင် မင်းမှာစဉ်းစားတွေးခေါ်နိုင်စွမ်းတွေမရှိတော့ဘူးပဲ"

Falling For YouWo Geschichten leben. Entdecke jetzt