"ဒါဆို ဝယ်လတ်တွေကိုအမ်းဖို့ငွေက ဒေါ်နီနီအောင်ကိုယူပြီး သူ့ပိုင်ဆိုင်မှုတွေနဲ့ပေးမယ်ဆိုတဲ့သဘောလားဆရယ"

"ဟားဟား မင်းသဘောပေါက်သားပဲ သူနဲ့ငါ လက်သာထပ်လိုက်ရင် မယားပစ္စည်းလင်တစ်ဝက်ပိုင်တယ်လေကွာ ဟားဟားဟား"

အမြင်ကပ်ဖို့ကောင်းအောင်ရီနေသော ကိုကိုမျိုးကို ဝဏ္ဏတစ်ယောက်မကြည်တော့ပါ ငယ်ငယ်တည်းက ကျွေးမွေးလာတဲ့ ကျေးဇူးကိုထောက်နေလို့ ယခုထိဒီလိုခိုင်းတာကိုလုပ်ပေးတာဖြစ်သည်။အခု​တော့ ဝဏ္ဏလဲ စိတ်ညစ်လှသည်။သူ့ဆရာက ဘယ်ချိန်ထိဒီလိုလုပ်နေဉီးမလဲမသိပေ..။

....

အရီးမချစ်စုရေ..အရီးမချစ်စု"

"ဟေ..ဘယ်သူတုန်းလာလေကွယ်"
အိမ်ထဲမှထွက်ကာ ခေါ်တဲ့သူကို ဒေါ်ဉမ္မာအောင်လှမ်းကြည့်မိသည်။

"ကျုပ် ပြည့်စုံဖူးပါတော့"

​ပြည့်စုံဖူးဆိုတဲ့ကောင်မလေးလဲ ပြောရင်းအိမ်ရှေ့ကထိုင်ဖို့ထားထားတဲ့ သစ်သားခုံတန်းပေါ်ထိုင်ချလိုက်ကာ ပါလာတဲ့ ချိုင့်ကိုလဲ သစ်သားစာပွဲပေါ်တင်လိုက်သည်။

"အော် မိဖူး ညည်းဘယ်ကနေဘယ်လိုလှည့်လာတာတုန်း"

"ဒီမှာလေ အရီးရဲ့ အိမ်မှာ ကြက်သားကာလသားဟင်းလေးချက်လို့လာပို့တာအရီးရေ"

"အမယ် ညည်းကတော့တယ်သိတတ်နေပါလား"

"အရီးကလဲလေကျုပ်က ကိုယ့်အရီးကိုအမြဲသိတတ်ပါတယ်တော့ ဒါနဲ့ ရန်ကုန်ကဧည့်သည်တွေရောက်နေတယ်ဆို ကျုပ်ဖြင့်တွေ့လဲမတွေ့ပေါင်"

"ဘာမှသိချင်မ​နေနဲ့ ငါ့တူမသူငယ်ချင်းတို့စုံတွဲရောက်လာတာ ဟော ဟိုမှာပြောရင်းဆိုရင်းထွက်လာကြပြီ"

"ဟင် ဟိုကအမနှစ်ယောက်လား"

"အေးအေး သူတို့အတွဲဟေ့"

"ဟယ် မိန်းကလေးချင်းလား အရီးရယ်"

"မိန်းကလေးချင်းဖြစ်တော့ ဘာဖြစ်တုန်းမိဖူး ညည်းအကြောင်းပါတာလဲမဟူတ်တော် စပ်စပ်စုစု"

"ကျုပ်စပ်စုတာမဟုတ်ပါဘူးနော် ကျုပ်ကအဲ့လိုအတွဲလေးတွေသဘောကျလို့ပါ"

"အေးပါအေ ညည်းကလဲ"

"အော် ဧည့်သည်ရောက်နေတာပဲ"

နီနီ့အသံကြားတော့ အမဉမ္မာကစကားဆိုလာသည်။

"ညမကြီးလာထိုင် ကလေးမလေးလဲထိုင်အနမ့်"

"ဟုတ်ကဲ့ကြီးကြီး"

"ဟယ် အမချစ်စရာလေး မျက်မှန်လေးနဲ့ အန်တီကလဲကျက်သရေရှိလိုက်တာ"
နော်ထူးတို့ကိုတွေ့တာနဲ့ ချီးကျူးပြောဆိုနေသော ကောင်မလေးကို နော်ထူးတစ်ချက်ကြည့်မိတော့ ညိုညှက်ညှက်အသားအရည်နဲ့ သနပ်ခါးပါးကွက်ကြားလေးကွက်ထားသည်။နက်မှောင်သော ဆံနွယ်ခပ်ရှည်ရှည်ကို ဆံထုံးအသေးလေးနှစ်ဖက်ခွဲထုံးထားသည်။အဝါရောင်ဝမ်းဆက်လေးကိုဝတ်ထားသော ​သူမလေးက အသေအချာခြုံပြောရရင် ထိုကောင်မလေးသည် ညိုချောလေးပင်ဖြစ်သည်။

"အဲ့လောက်လဲ မဟုတ်ပါဘူးကွယ်"

"အမတို့ ညမနမည်ကပြည့်စုံဖူးပါ အမတို့အကူအညီလိုရင်ပြောလို့ရတယ် အနမ့်"

"အင်းပါကွယ်"

"ဟယ်တော်!!"

"ဘာဖြစ်လို့လဲမိဖူးရယ် ညည်းကလဲအလန့်တကြား"

"အရီးရယ် ကျုပ်တော့သေပြီ ကျုပ်အိမ်မှာထမင်းအိုးတည်ခဲ့တယ်တော့ တူးတော့မှာပဲ"

"ဟယ် ညည်းကတော့လေ သွားသွား မြန်မြန်"

"ဒါကျုပ်သွားဉီးမယ်အနမ့် အမတို့ ကျုပ်သွားပြီတော်"

နော်ထူးတို့ကိုနှုတ်ဆက်ကာမပြေးရုံတမယ်ထွက်သွားသော အနှီကလေးမကိုကြည့်ရင်း နော်ထူးတို့ခပ်သော့သော့လေးသားရယ်ရင်းကျန်ခဲ့လေသည်။တယောက်တယောက်အပစ်မမြင်ပဲ ကူညီရိုင်းပင်းတဲ့ရွာလေးကို နော်ထူးတို့စရောက်ထဲကသဘောကျနေချေပြီလေ...။အခက်အခဲတွေအကုန်ဖြေရှင်းပြီးရင် ဆရာမနဲ့လက်ထပ်ပြီး ဒီရွာလေးမှာလာနေဖြစ်မည်ထင်သည်။

...

တိုသွားရင် sry ကွယ်...
တို့လဲပျင်းနေတာနဲ့မရေးဖြစ်ဘူးရယ်
အပြင်မှာတော့ နော်ထူးတို့ထက် နှင်းတို့ကပိုအဆင်ပြေနေတယ်..

မြတ်နိုးရသူWhere stories live. Discover now