"ခဏလောက် စကားပြောရအောင်!..."

သူပြောတော့ ရှင်းခန့်က သူ့အားခပ်စိုက်စိုက် တချက်ကြည့်ပြီးတော့မှ...

"အခုတော့ ကိုယ်အချိန်မရတော့ဘူး..."

ပြောရင်းဖြင့် သူ့ပခုံးအားကျော်ကာ ခြံပြင်ဖက်သို့ အကြည့်တချက်ပို့လိုက်တာမို့ သူလိုက်ကြည့်ရခြင်းသို့ရောက်သည်။အနောက်ဖက်မှာတော့ အနက်ရောင်ပြောင်လက်နေပါသော ကားတစ်စီးအားတွေ့လိုက်ရသည်။

"ကိစ္စရှိရင် မမွန်နဲ့မှာခဲ့လေ သူခဏနေလာတော့မှာ"

ပြောလိုက်တဲ့စကားတိုင်းက အေးစက်စွာအသက်မဲ့လို့နေသည်။သူတို့နှစ်ယောက်ကြားမှာ ပတ်သတ်မှုတစ်စုံတစ်ရာဟာ မရှိခဲ့ဖူးတဲ့အတိုင်း။ဒီအတိုင်း ဖြတ်သွားဖြတ်လာ သူစိမ်းပြင်ပြင်အတိုင်း။ရေပြင်လိုတည်ငြိမ်နေတဲ့
မျက်နှာပေါ်မှာ ဘယ်လိုအပြောင်းအလဲကိုမှ ရှာဖွေလို့မရ။သူသာအပြိုပြိုအလဲလဲဖြင့် ရုပ်ပျက်ဆင်းပျက် အိန္ဒြေမဆည်နိုင်အောင် ဖြစ်နေခဲ့ရတာ ဒီလူကတော့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးသာ။လမ်းခွဲပြတ်စဲခဲ့ရခြင်းအပေါ်မှာ ဒီလောက်အထိ လွယ်လွယ်ကူကူမုဒ်အွန်နိုင်တယ်တဲ့လား။သူတို့ဆက်ဆံရေးက ဒီလောက်အထိ လွှတ်ချဖို့လွယ်ကူခဲ့တာလား။

"ခင်ဗျားနဲ့ပဲ‌ ပြောချင်တာ..."

သူခပ်ကြိတ်ကြိတ်ပြောတော့ ရှင်းခန့်က လက်မှနာရီကို တချက်ကြည့်၍...

"ကိုယ်တကယ် အချိန်မရတာ..."

သာမန်ခရီးသွားဟန်လွဲ မိတ်ဆွေတစ်ယောက်ကို စကားပြောနေသည့်အတိုင်း ခပ်ပေါ့ပေါ့ပြန်ပြောသည်။ပြီးတော့ ခြံပြင်သို့ခြေလှမ်းပြင်ရင်းဖြင့်....

"အရမ်းအရေးကြီးရင် မမွန်ကိုမှာခဲ့လိုက်ပါ၊ကိုယ် အခုသွားရတော့မှာမို့..."

ပြောပြီးတာနှင့် သူ့၏တုန့်ပြန်မှုကိုတောင် မစောင့်တော့ပါပဲ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းထွက်၍သွားလေသည်။

!သူတို့နှစ်ယောက်ရဲ့ကြားက ကိစ္စဟာ ကြားလူနဲ့မှာခဲ့လို့ရတဲ့ကိစ္စမျိုးလား..!

!သူတို့ရဲ့ ပတ်သတ်ခဲ့မှုဟာ အဲ့ဒီလောက်အထိ လက်လွှတ်စပယ်နိုင်သွားပြီလား...!

Wild  Rose(complete)Where stories live. Discover now