ဒါ သူနဲ့ကိုကိုးရဲ့ပုံတွေပဲ....

"သားကျန့်ကဇွတ်တရွတ်သမား ဒီပုံတွေကိုသူဂရုမစိုက်ဘူးပြောတယ်...ဒါပေမဲ့ ကောင်လေးစဉ်းစားကြည့်စမ်း ဥက္ကဌရှောင်းလို အဖက်ဖက်ကပြည့်စုံနေတဲ့သူကိုရိုက်ချချင်တဲ့သူတွေကအများကြီး သူမတွေးပေမဲ့ မေမေကြီးတွေးတယ် အဲဒါကြောင့် social media ပေါ်မပြန့်ခင် မေမေကြီးရအောင်တားခဲ့တာ ပြီးတော့ ယွင်အာလေး.....ဘယ်လောက်သနားစရာကောင်းလဲ ကိုယ်နဲ့လက်ထပ်ရမဲ့သတို့သားလောင်းက သူ့အပေါ်ဂရုမစိုက်ဘူးဆိုပြီး ဝမ်းနည်းနေရှာတာ"

မေမေကြီးကအများကြီးပြောနေပေမဲ့ ရိပေါ် ဘာမှဝင်မပြောနိုင်....၊ သူ့အနေနဲ့ ကိုကိုးအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေတာလားပဲ တွေးနေမိတော့တယ်....သူမသိလိုက်ပဲ ကိုကိုးအဆင်မပြေဖြစ်သွားတော့မလို့....။

"ထားပါလေ ကောင်လေးလဲနားလည်လောက်ပြီထင်တယ် သားကျန့်ရဲ့မိတ်ဆွေလေးဆိုတော့ မေမေကြီးကလဲ သားတစ်ယောက်လိုပဲခင်မင်ပါတယ် နောက်ဆို....မေမေကြီးကလဲတွေ့ချင်ရင် ကောင်လေးကို ခုလိုပဲခေါ်တွေ့မယ် သားကျန့်နဲ့အတူတူလဲ အိမ်လိုက်လည်ပေါ့...ကောင်လေးဘက်ကသာ သူစိမ်းတွေရှေ့မှာ အနေအထိုင်ဆင်ခြင်ရင်ရပြီ ဟုတ်ပြီလား"

ရိပေါ်မှာ မထင်မှတ်စွာပဲ မေမေကြီးလိုလူမျိုးဆီက ကိုကိုရဲ့မိတ်ဆွေအဖြစ် အသိအမှတ်ပြုခံလိုက်ရတာမို့ ဝမ်းသာသလိုမျိုးတော့ဖြစ်သွားသည်....ဘာပဲဖြစ်ဖြစ် ကိုကိုးက သူ့ကြောင့် မျက်နှာမပျက်ရရင်တော်ပါပြီ။

"ဪ ပြီးတော့ လာမဲ့အပတ်ထဲ မေမေကြီးတို့မင်္ဂလာနှစ်ပတ်လည်နေ့ရှိတယ် ကောင်လေးလာခဲ့လေ....အလုပ်သမားတွေအများကြီးမခေါ်ထားတော့ သားကျန့်ကိုဝိုင်းကူရအောင် စောစောလာပြီးဝိုင်းလုပ်ပေးပါအုံးလား"

မေမေကြီးကိုယ်တိုင်က ဖိတ်စာထုတ်ပြီးဖိတ်လာတာမို့ ရိပေါ်ဝမ်းသာအားရပဲလက်ခံမိသည်....၊ ကိုကိုးရဲ့မိဘတွေ မင်္ဂလာနှစ်ပတ်လည်နေ့ပဲ သူဝိုင်းကူပေးရမှာပေါ့....။

"ဟုတ် လာခဲ့ပါမယ်မေမေကြီး"


သူမနဲ့စကားပြောပြီးတာနဲ့ အရိုသေပြုပြီးပြန်ထွက်သွားတဲ့ကောင်လေးဟာ သိပ်ကိုရိုးသားဟန်ပြုတယ်.....၊
ဒါပေမဲ့လည်း သူမတို့လို လူကုံထံအသိုင်းအဝိုင်းထဲလာဖို့ လမ်းစပေးလိုက်တော့လည်း ချောချောချူချူလက်ခံလိုက်တာပဲ.....၊
စောင့်ကြည့်ရတာပေါ့ကောင်လေးရယ် မင်းဟာ လူကုံထံအသိုင်းအဝိုင်းမှာ ဘယ်လိုဝင်ဆံ့အောင်နေနိုင်မလဲဆိုတာ....။

Falling For YouWhere stories live. Discover now