"ငါးမိနစ်လို့မရဘူးလေ..ဆင်းရတော့မှာလို့.."

"ဝှားးးး ဟူတ်ထပြီနော်"

အကြောဆန့်ကာ သန်းဝါးနေသောထိုကလေးကိုကြည့်ရင်း နီနီတစ်ချက်ပြုံးမိသည်။

"အပေါ်က အဝတ်ထုတ်ယူလိူက်ဉီး..ခနနေရင်ဆင်းရတော့မှာလို့ပြောတယ်"

"ဟုတ်ဆရာမ"

နီနီပြောသလို နော်ထူးလည်း ပစ္စည်းတင်ရန်ကန့်ပေးထားသည် ကားခေါင်မိုးbox ထဲက အဝတ်အိတ်လေးကို လှမ်းယူလိုက်သည်။ အိတ်ကို နော်ထူးချပြီးသောအခါ ဖုန်းသံမြည်လာ၍ နမည်မှတ်ထားသည်ကိုကြည့်မိရာ ကြယ်စင်ဖြစ်နေသည်။

"ဟယ်လို"

"ငါကြယ်စင်"

"သိပါတယ်ဟ..နင်မအိပ်သေးဘူးလား ဒီချိန်ကြီးကို"

"ငါအိပ်မပျော်လို့..နင်တို့ရောက်တော့မှာလား"

"အေး ရောက်တော့မှာ"

"ရောက်တော့မှာဆိုရင် ငါ ငါ့အဒေါ်ကို လာကြိုခိုင်းထားတယ် နင့်ကိုစောင့်နေလိမ့်မယ်"

"ဟာ နင်ကလဲ အားနာစရာကြီး"

"ဘာမှအားမနာနဲ့ မလိုဘူး ကဲ နင်တို့လဲရောက်တော့မှာဆိုတော့ ငါဖုန်းချပြီ ဂရုစိုက် ကြနော်"

"အေးပါ"

နော်ထူးတို့ ဖုန်းချပြီးတော့ ဆရာမမှ ဘယ်သူဆက်တာလဲပုံစံဖြင့် မေးဆက်ပြ၏ နော်ထူးက speaker ပိတ်ပြောတာမလို့ ဆရာမမကြားပါ။

"ကြယ်စင်ရယ်ဆက်တာ..ရောက်ပြီလားလှမ်းမေးတာဆရာမ..သူ့အဒေါ်ကိုလဲ ကြိုခိုင်းထားတယ်တဲ့"

"ဟယ် အားနာစရာကွယ်"

"သမီးလဲ အားနာနေတာ ဒါပေမယ့် သူကပြောပြီးပြီဆိုတော့မတတ်နိုင်ဘူးပေါ့"

"အင်းပါ ဒါနဲ့ ကြယ်စင့်အဒေါ်နမည်က ဘယ်သူ"

"ဒေါ်ဉမ္မာအောင်တဲ့..ကြယ်စင့်အမေထက်အကြီးလို့ပြောတယ် "

"ကြယ်စင့်အမေဆိုလို့ သူ့အဖွားပဲတွေ့ရတယ်နော် သူ့အမေရော"

"သူ့အမေက ထိုင်းမှာလေ အဖေရောပဲ"

"အော် ဒါကြောင့်ကို"

နော်ထူးတို့စကားပြောနေတုန်းမှာ ကားစပယ်ယာကောင်လေးက ရောက်ပြီလို့လာပြောသည်။ တကယ်လဲရောက်ပါပြီ ကားက ရပ်သွားချေပြီကို..။နော်ထူးက အဝတ််အိတ်ကို ကိုင်ကာ ဆရာမက မုန့်ထုတ်တချို့ကို ကိုင်ထားကာ ကားပေါ်မှဆင်းလာ၏ မုန့်က တလမ်းလုံးအိပ်နေကြတာမို့ ကားမထွက်ခင်တစ်ထုတ်ကလွဲလို့ ကျန်တဲ့မုန့်တွေက အကုန်မဖောက်ရသေးပေ။
ကားလဲသွားရော တံတားလေးထိပ်၌ ရပ်နေသော အန်တီကြီးတစ်ယောက်ရယ်..အမကြီးတစ်ယောက်နဲ့အကိုကြီးတစ်ယောက်ကိုတွေ့ရသည်။
နော်ထူးတို့ ထိုအန်တီကြီးဆီ လျှောက်သွားတော့ အန်တီကြီးမှ ဖော်ရွေစွာနှုတ်ဆက်တာကြောင့် ကြယ်စင့်အဒေါ် အန်တီဉမ္မာအောင်မှန်းကြိုသိနေသည်။

မြတ်နိုးရသူWhere stories live. Discover now