မျိုးသက် အတွေးတွေနဲ့ အိပ်ယာက နိုးလာတော့ ဘေးစောင်းလေးမို့ ကုတင်ဘေးက စားပွဲပေါ်မှ စာအိတ်လေးကို အခုမှ သတိထားမိတာမို့ မျိုးသက် လှဲနေရာမှ ထကာ ထိုင်လိုက်ပါတော့တယ်။

စာအိိတ်လေးကို ဖွင့်ကြည့်လိုက်တော့ စာရွက်စာတမ်းတစ်ချို့။ မျိုးသက် ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ ဒိတ်ကို ကြည့်လိုက်ပါ တော့တယ်။

“ဟင်။”

မျိုးသက် ကုတင်ပေါ်ကနေ ကုန်းထလိုက်ပါတယ်။ ပြီးတော့ရေ အမြန်ချိုးလိုက်ပြီး အိမ်ကထွက်ကာနီး

“အမေ ဆိုင်ကယ်သော့ရော။”

“ဟိုတန်းမှာပဲ ချိတ်ထားတယ်လေ သား။ ဟိုစာအိတ်တွေ့ပြီးပြီလား။”

“ဟုတ်ကဲ့ အမေ။ သားပြန်လာမှ အေးဆေးပြောမယ်။ ဒီနားခန သွားဦးမယ်။”

“အေးအေး ဆိုင်ကယ်လဲ ဂရုစိုက်မောင်းဦး။”

“ဟုတ်ကဲ့။”


…………………………………

မျိုးသက် စိမ့်တို့ ဆိုင်ရှေ့ကို ရောက်တော့ ဆိုင်သိမ်းနေတာ တွေ့တာမို့ လက်ကနာရီကို ကြည့်လိုက်တော့ သုံးနာရီခွဲသာ ရှိသေးတာမို့

“ဆိုင်ဘာလို့ အစောကြီး သိမ်းနေတာလဲ စိမ့် ဘာဖြစ်လို့လဲ။”

အလောတကြီး မေးလာတဲ့ မျိုးသက်ကို ကြည့်ရင်း စိမ့်က

“ဘာမှမဖြစ်ပါဘူး စိမ့် ဒီနေ့နားချင်လို့။”

“ပစ္စည်းတွေ သိမ်းပြီးရင် စိမ့်နဲ့ တနေရာရာမှာ စကား ခနပြောလို့ရမလား။”

မျိုးသက်စကားကြောင့် ပစ္စည်းတွေ သိမ်းနေတဲ့ စိမ့်ရော ဆုမွန်ပါ လှည့်ကြည့်လာကြပါတယ်။

“ပစ္စည်းက ဒါပဲ ကျန်တော့တာခေါ်သွားလေ။ သမီးပဲ သိမ်းလိုက်မယ်။”

ဆုမွန်စကားကြောင့် မျိုးသက်ပြုံးကာ ဆုမွန်ခေါင်းကို အသာပုတ်လိုက်ရင်းက

“သွားရအောင် စိမ့်။”

စိမ့်ဘာမှပြောမနေပဲ မျိုးသက် ဆိုင်ကယ်နောက်ကနေ တက်ထိုင်လိုက်ပါတော့တယ်။ ဆိုင်ကယ်ကို မျိုးသက်က မောင်းသွားပြီး အတော်လေး လူနေအိမ်ပျတ်တဲ့ လယ်ကွင်းစပ် တစ်ခုမှာ ရပ်လိုက်ပါတယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now