အပိုင်း(၇) unicode+zawgyi

Start from the beginning
                                    

*****

ယနေ့မှာ မမကြီး စန္ဒာ ဂျပန်ကို သွားမည်ဖြစ်တာကြောင့် တစ်မိသားစုလုံးလေဆိပ်သို့လိုက်ပို့ခဲ့ကြသည်။ အစက တေဇ မမကြီး ကို လွမ်းနေရမှာ စိုး၍ နိုင်ငံရပ်ခြားကိုမသွားစေချင်။ယခုတွင်တော့ မမကြီးဂျပန်သွားရတာကို ကျေးဇူးတင်ရမလိုပင်ဖြစ်နေသည်။မမကြီးသာ ဂျပန်သွားဖို့ သင်တန်းတွေတက်ကာ လေ့လာမနေခဲ့လျှင် တေဇကို စာသင်ပေးနေသူမှာ မမကြီးသာဖြစ်နေပေမည်။ မမကြီး စာတွေနှင့်အလုပ်ရှုပ်နေ၍ တေဇ ကိုစာပြန်သင်ချိန်မရှိတာကြောင့် အကို နှင့်စာသင်ရခြင်းဖြစ်သည်။မမကြီးဂျပန်သွားဖို့လုပ်ခြင်းက တေဇကို အကိုနှင့် နီးစပ်စေခဲ့တာဖြစ်သည်။

"ဟေ့မောင်လေး .. မမကို နှုက်မဆက်တော့ဘူးလား။"
စန္ဒာသူမကိုတောင်နှုက်မဆက်ပဲအတွေးနယ်ချဲ့နေဟန်တူသည့် မောင်ဖြစ်သူကိုပြောလိုက်သည်။

"အာ..ဟုတ်မမကြီး မောင်လေး စာအကြောင်းတွေးနေမိလို့။ ... ဟိုမှာ အစစအရာရာဂရုစိုက်နော်သိလား။ အစားအသောက်မစားပဲလည်း နေမနေနဲ့ဦး။
မောင်လေးတို့ကိုလည်း ညတိုင်းဖုန်းဆက်။ မောင်လေးတော့ မမကြီးကိုလွမ်းနေတော့မှာသိလား။"
မမကြီးကို ဖက်ကာပြောလိုက်တော့

"အမလေး အချွဲတုံးလေး။ရှင်လေးလည်း စာကြိုးစားနော်။ လိမ်လိမ်မာမာနေ ဟုတ်ပြီလား။"

"ဟုတ် "

"ဟဲ့ ဟိုကောင် နင်မမကြီးနဲ့ ဂျပန်လိုက်တော့မလို့လား။တကယ်အပိုတွေတအား။"

"ဟဲ့ သံသာရယ် မောင်လေးကိုအဲ့လို မပြောပါနဲ့ဟယ်"

မမကြီးဝင်ပြောကာမှ မမလတ်တစ်ယောက် မျက်နှာကြီးရှူံ့မဲ့ပြကာရပ်သွားလေသည်။

"ကဲကဲ သမီးကြီးက မေမေနဲ့ဖေဖေမှာတာတွေမမေ့နဲ့နော်။"

"ဟုတ်ကဲ့ မေမေ"
၇တန်းလောက်ကတည်းက သွားချင်ခဲ့သည့် နိုင်ငံကိုသွားရမည်ဖြစ်၍ စန္ဒာပျော်မိသော်လည်း မိသားစုနဲ့အတူ တစ်ဦးတည်းသောချစ်ရသူနှင့် ဝေးနေရမည်ဆိုသောအသိကြောင့် ကြိုတင်ပင်လွမ်းနေရသည်။

****

"ဂုဏ်ရည်မင်းထင် မင်းမိန်းကလေးတစ်ယောက်ကို အဲ့လောက်ထိပြောစရာလိုလားကွ ဟမ်"
ဂုဏ်ရည် အပြင်မှ ပြန်ရောက်ရောက်ခြင်း ဖေဖေက ဆီး‌၍ဟောက်လေသည်။ကြည့်ရတာ ရတီလင်းလက်ဆီမှ သတင်းရခဲ့ပြီထင်သည်။

နွေဦးတွင်ဖြစ်တည်သော(Complete)Where stories live. Discover now