အပိုင်း(၇) unicode+zawgyi

126 24 0
                                    

Unicode

"ဘာလိုလိုနဲ့ ရွေးကောက်ပွဲရောက်ဖို့ ကြားထဲ တစ်ရက်ပဲလိုတော့တယ်နော် မေမေ ၊ သားလဲမဲပေးချင်လှပြီဗျာ။"

"အမလေး သားရယ် သားလည်းနောက်တခေါက်ရွေးကောက်ပွဲကျ မဲပေးလို့ရပါပြီ။"

"သားက ခုလာမယ့် ရွေးကောက်ပွဲမှာကို မဲပေးချင်တော့တာကို။"
ဂုဏ်ရည်မှာ လေး လပိုင်းမှ ၁၇ ပြည့်ခဲ့တာဖြစ်၍မဲပေးလို့မရသေးပေ။

သူမရင်ခွင်ထဲ အတင်းတိုးဝင်ကာ ချွဲနေသည့် သားလေးမှာ အသက် ၁၈ ထဲဝင်နေသည်မှာ ယုံနိုင်စရာပင်မရှိ။

မဲပေးကြလျှင် မေမေ က NLD အစိုးရကို မဲပေးပြီး
ဖေဖေ ကတော့ စစ်ဗိုလ်ချုပ် ပီပီ စစ်တပ်၏အမာခံ အစိုးရကိုသာမဲပေးမည်ဖြစ်သည်။ ဂုဏ်ရည်ငယ်စဉ်က သိပ်နားမလည်ခဲ့သော်လည်း အရွယ်ရောက်လာသောအခါလက်တွေ့ မြင်နေတွေ့နေရတာတွေကြောင့်ရော မေမေ့ကြောင့်ပါ NLD အစိုးရကိုသာနှစ်သက်သည်။အမေစုဦးဆောင်သည့် NLD အစိုးရသာ နိုင်ငံကို အုပ်ချုပ်မည်ဆိုလျှင် မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုးလာမည်မှာ မလွဲနိုင်သည့် အမှန်တရားပင်ဖြစ်သည်။
*****
Nov 8/2020 (ရွေးကောက်ပွဲနေ့)

Mizzima channel မှ မဲရေတွက်‌နေခြင်းကို live လွှင့်နေသဖြင့် ဂုဏ်ရည်တို့သားအမိ သုံးယောက်သား  ရင်ခုန်စွာဖြင့် စောင့်ကြည့်နေကြသည်။

"ဒီပုံအတိုင်းဆို NLD ပဲနိုင်မှာ ကျိန်းသေတယ်။"

မေမေ့မျက်နှာထက်တွင်ပျော်ရွှင်နေသည့် အရိပ်အယောင်လေးများပြည့်နှက်နေသည်။ဂုဏ်ရည် လည်းပျော်ပါသည်။NLD အစိုးရအုပ်ချုက်မှုအောက်တွင်ရှိမည်ဆိုလျှင် မြန်မာနိုင်ငံကြီးသည် အခြားနိုင်ငံများ ထက်ပင် တိုးတက်ရင်တိုးတက်နေမှာဖြစ်သည်။ဂုဏ်ရည်တို့လို လူငယ်တွေလည်း NLD အစိုးရတက်လျှင် အရည်အချင်းရှိရင်ရှိသလို ချီးမြှောက်ခံရမှာပင်ဖြစ်သည်။

ဂုဏ်ရည်တို့ ထင်ထားသည့်အတိုင်းပင် NLD အစိုးရမှာ မဲအပြတ်အသတ်နှင့် အနိုင်ရရှိသွားလေသည်။ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၂၉၁ နေရာထဲမှ NLD သည် ၂၈၉ နေရာအထိပင် အနိုင်ရရှိခဲ့လေသည်။ ရွေးကောက်ပွဲကာလမှာ COVID ကာလဖြစ်နေသဖြင့် မဲထွက်ပေးသူ အရေအတွက်နည်းနိုင်ကြောင်း သုံးသပ်ကြသော်လည်း ယနေ့ Nov 8 တွင်ကျင်းပသော ၂၀၂၀ ရွေးကောက်ပွဲတွင် မဲထွက်ပေးကြသူများပြားလှပေသည်။NLD ပါတီ အနိုင်ရရှိပြီးနောက် ပါတီကိုဝန်းရံထောက်ခံသူများသည် စတုဒီသာကျွေးမွေးခြင်းများကိုပြုလုပ်ကြသည်ကိုလည်း live ထုတ်လွှင့်ပြသခဲ့သည်။ ဂုဏ်ရည်တို့ရပ်ကွက်မှာတော့ စစ်အသိုင်းအဝိုင်းများသာ များသဖြင့် ဘာသံမျှ မကြားရပေ။ဖေဖေကတော့ မအီမသာမျက်နှာကြီးဖြင့် ရောက်ရောက်ခြင်း အလုပ်ခန်းထဲတန်းဝင်သွားကာ ဂုဏ်ရည်တို့အိပ်ချိန်ထိပြန်ထွက်မလာတော့ပေ။

နွေဦးတွင်ဖြစ်တည်သော(Complete)Tahanan ng mga kuwento. Tumuklas ngayon