“ဟုတ်ကဲ့ ဟုတ်ကဲ့ ခနလေးနော် အစ်မကြီး။”

မျိုးသက် ဆိုင်လေးထဲက ထွက်သွားပြီး ခနနေတော့ ပြန်ရောက်လာပါတယ်။ စိမ့်က အသင့်ပြင်ထားတဲ့ အထုပ်လေး လှမ်းပေးတာကို ယူရင်း မျိုးသက်က

“ပိုက်ဆံကော ယူရမှာလား စိမ့်။”

“မယူနဲ့ အစ်ကို ရတယ်။ နောက်မှ ပေါင်းရှင်းလိမ့်မယ်။”

“အိုခေ။”

မျိုးသက်စက်ဘီးလေးနဲ့ ထွက်သွားပြီး အတော်လေးကြာတော့မှ ပြန်ရောက်လာပါတယ်။ ရောက်တာနဲ့ ဆိုင်မှာ လူမရှိနေတာမို့ အတွင်းဆုံးက ခုံလေးမှာ ဝင်ထိုင်နေတာ တွေ့တာမို့ စိမ့်က ရေအေးအေးလေး တစ်ခွက် တိုက်လိုက်ရင်း

“မောလာတာလား မျက်နှာကြီးကလည်း။”

“မဟုတ်ဘူးစိမ့်။ တစ်ခုခု လွဲနေတာ သေချာတယ်။”

“ဘာကိုလဲ။”

စိမ့်နားမလည်တာမို့ မေးလိုက်တော့

“အခု အစ်ကိုသွားပို့တဲ့အိမ်မှာ လာယူတာ ယောက်ျားလေး။ ပြီးတော့လူတွေ ၄/၅ ယောက်လောက်ရှိတယ်။”

“အော် ဟိုလာမှာတဲ့ အစ်ကိုပြန်ရောက်နေတာ ထင်တယ်။ ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိစ္စမှ မဟုတ်တာ။”

“မဟုတ်ဘူး စိမ့်ရ။ အစ်ကိုရောက်တော့ အစ်ကို့ကို သေချာကြည့်ပြီး အသုပ်ယူသွားပြီး စောင့်ခိုင်းထားတယ်။ ပြီးတော့မှ ပြန်ထွက်လာပြီး ပိုက်ဆံ တစ်ထောင်ပေးပြီး ပြန်မအမ်းနဲ့ သွားလို့ရပြီလို့ပြောတယ်။”

“အင်း အဲဒါဘာဖြစ်လဲ အစ်ကိုရ။”

စိမ့်ပြုံးရင်းက မေးလိုက်တော့

“သူတို့ထဲက တစ်ယောက်ကို မြင်ဖူးနေသလိုပဲ။ နောက်ပြီး လူမိုက်ရုပ်တွေ စိမ့်။”

“ဟင်။”

ရုတ်တရက် စိမ့် စိတ်ပူသွားမိတာက မျိုးသက်ကိုပါ။ တော်သေးတာပေါ့။ ဘာမှပြသနာမရှာပဲ ပြန်လွှတ်လိုက်လို့။

“ဟုတ်တယ်။ စိမ့် သတိတော့ထားနေနော်။ ဟိုကောင်တွေ တစ်ခုခုများ ကြံနေလား မသိဘူး။ ငြိမ်နေကြတယ်။”

“စိမ့်ကို မပူပါနဲ့။ စိမ့်က အစ်ကို့ကိုပဲ စိတ်ပူတာ။”

“ပူတာပေါ့ စိမ့်ရဲ့ မင်းဟာမင်း ဘယ်လောက်ပဲ တော်နေတော်နေ သူများလှည့်ကွက်နဲ့ ယုတ်မာရင် ခံရမှာပဲလေ။”

Seint (စိမ့်) << Completed >>Where stories live. Discover now