*ကောင်းလိုက်တာ....*

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် ကျိုးချန်ဆီကပြန်ထွက်လာတော့ လိချင်နဲ့တွေ့တယ်။
"ရှောင်း... ငါ့ကို ဥက္ကဋ္ဌသားလေးနဲ့ မိတ်ဆက်မပေးတော့ဘူးလား?"
လိချင်က ကြည်လင်တဲ့အပြုံးလေးနဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီးပြောလာတယ်။

ရှောင်းကျန့်က မိတ်ဆက်ပေးရန် ပါးစပ်ဟမယ်ကြံတုန်း ဝမ်ရိပေါ်ရဲ့ အေးစက်တဲ့လေသံ ထွက်ပေါ်လာတယ်။
"ဝမ်ရိပေါ်ပါ"

လိချင်က ဝမ်ရိပေါ်ရဲ့ ရန်လိုနေတဲ့အကြည့်ကြောင့် တွန့်ဆုတ်သွားမိရတယ်။ ဒါပေမယ့် ဥက္ကဋ္ဌရဲ့သားဆိုတော့ ယဉ်ကျေးစွာပဲမိတ်ဆက်လိုက်တယ်။
"အမ်? အင်း... အစ်မက လိချင်ပါ။ Marketing နဲ့ PR ပိုင်းကိုတာဝန်ယူထားတာပါ။ မောင်လေးလာလေ့လာမယ်ဆိုရင် အစ်မကသင်ပြပေးဖို့အသင့်ပဲနော်..."

"မလိုပါဘူး။ ကျနော်က အဲ့အပိုင်းစိတ်မဝင်စားဘူး"
ဝမ်ရိပေါ်က ဘုဆက်ဆက်ပြန်ဖြေလိုက်ပြီး ရှောင်းကျန့်လက်ကိုဆွဲလို့ လိချင်ကိုရှောင်ထွက်လိုက်တယ်။
"အစ်ကိုရှောင်းကျန့်~~ ရိပေါ်နားမလည်တာလေးတွေရှိသေးတယ်~~ ရှင်းပြပေးဦး~"

လိချင်; *ငါ ဘာအမှားလုပ်မိလို့လဲ????*

ရှောင်းကျန့်က ဝမ်ရိပေါ် ဆွဲခေါ်ရာပါသွားရင်း လိချင်ကို အားနာပြုံးလေးလှည့်ပြုံးပြလိုက်ရတယ်။ သူမက စီနီယာအစ်မတစ်ယောက်လေ။

"ရှောင်း~~ ရှောင်း~~ အဟက် တော်တော်လေးနားထောင်လို့ကောင်းလား?"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ အလုပ်စားပွဲရောက်တာနဲ့ ရွဲ့တဲ့တဲ့ပြောလိုက်တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ရှာလကာရည်သောက်နေမှုကြီးကိုကြည့်ပြီး ရယ်​ချင်​သွားရ​တယ်။
"သဝန်တိုတယ်ပေါ့!"

ရှောင်းကျန့်က ပြုံးစစနဲ့မေးလိုက်တော့ ဝမ်ရိပေါ်က  နှုတ်ခမ်းကြီးမဲ့ပြပြီး
"ဘာလဲ? တိုလို့မရဘူးလား"

ရှောင်းကျန့်က ပြုံးပြုံးလေးပဲ
"ရတာပေါ့~ ဝမ်ဝမ်က ကိုယ့်ရဲ့ ရည်းစားလေးပဲ~ သဝန်တိုပိုင်ခွင့်ရှိတယ်~ ဒါပေမယ့် လိချင်က ကိုယ့်ရဲ့စီနီယာ... ပြီးတော့ သူ့(မ)မှာလည်း ပိုင်ရှင်ရှိတယ်"

ချစ်ရည်းစားထားချင်တယ်(Complete)Where stories live. Discover now