အခန်း (၂၄) (ခ)

Beginne am Anfang
                                    

[မှတ်ချက် ၄၉၂။ သူက သူကိုယ်တိုင် နေချင်လို့ ဖြစ်မှာပေါ့။ သူက ကျေးလက်ဒေသမှာ ကြီးပြင်းခဲ့တာလေ။ ပြီးတော့ သူ့ကိုယ်သူ အရမ်းအထင်ကြီးနေတာနေမှာပေါ့။ ]

[မှတ်ချက် ၄၉၃။ အပေါ်ကတစ်ယောက်က ကျေးလက်ဒေသက လူတွေကို အထင်သေးနေတာပဲ။ ပုံတွေကို ကြည့်လိုက်။ ရှန်းထင်ရွှမ်းရဲ့ နောက်ကျောကတောင် အသက်ရှုမှားလောက်တယ်။ ]

[မှတ်ချက် ၄၉၄။ ငါလည်း တွေးမိတယ်။ အလွန်အကျူး မလုပ်သရွေ့တော့ သူ့မိဘတွေက သူ့ကို ဒီလို ဆက်ဆံမှာ မဟုတ်ပါဘူး။ ]

    ......

ဤအရာများကို မြင်ပြီး ရှောင်ဖုန်းက ရှန်းမိသားစု၏ အရှက်မရှိမှုအတွက် ရှန်းမိသားစုကို စတင် ကြိမ်းမောင်းလိုက်သည်။

‌ရှောင်ဖုန်းအမေက “ဘာဖြစ်လို့လဲ။ မနက်စာစားပြီး ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ “

ထို့နောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအကြောင်းကို ပြောပြလိုက်သည်။

ရှန်းမျိုးရိုးနှင့် လူများစွာရှိပေသည်။ သို့သော် ရှန်းထင်ရွှမ်းက မြို့တော် B ရှိ ရှန်းမိသားစုမှ လာသည်ဟု  ရှောင်ဖုန်း၏အမေက ထင်မထားခဲ့ပေ။

“ချမ်းသာတဲ့လူတွေမှာ တကယ်ပဲ ရှုပ်ထွေးတဲ့အရာတွေ အများကြီး ရှိကြတယ်၊ အခုပဲကြည့် မိန်းကလေး ရှန်းထင်ရွှမ်းက အရမ်းလှတယ်၊ ပြီးတော့ ရှန်းမိသားစုက တစ်ယောက်ကတော့ အရမ်းဆိုးတယ် “

ကြည့်လိုက်ရင် ရှန်းထင်ရွှမ်းနှင့် ဆက်သွယ်ဖူးသည့် လူများက ရှန်းထင်ရွှမ်းက ကောင်းသည်ဟု ပြောကြလိမ့်မည်။ ရှန်းမိသားစု ဘာတွေလုပ်နေမှန်း ရှောင်ဖုန်း တကယ်ပဲ နားမလည်တော့ချေ။

    ...

ရှန်းထျန်းသဲက ထိုအရာများအားလုံးကို မသိခဲ့ပေ။ သူက ရှန်းထင်ရွှမ်းနှင့် သားအဖဆက်ဆံရေးကို ဖြတ်တောက်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနေခဲ့ခြင်းကြောင့်ဖြစ်သည်။

“လက်မှတ်ထိုးပြီးရင် အနာဂတ်မှာ မင်းက ငါတို့ ရှန်းမိသားစုရဲ့ သမီးမဟုတ်တော့ဘူးနော် “

ကူးပြောင်းလာပြီးနောက် ဘော့စ်က ငါလေးကို အပင်စိုက်ဖို့ တောင်းပန်နေလေရဲ့Wo Geschichten leben. Entdecke jetzt