“မင်းက ဘာဖြစ်ချင်တာလဲ ငါတို့ မအားသေးဘူး နောက်ပြီး အစောကြီး ရှိသေးတယ်ကွ။ မိုးလေး နဲနဲချုပ်မှ လာခဲ့ ဟုတ်ပြီလား ဟားဟားဟား အား အားအား အမလေး အား……။”

သူတို့ အဖွဲ့ထဲက အကောင်ကြီးကြီးနဲ့ မင်းနိုင်စိုး ဆိုတဲ့ တစ်ယောက်က စိမ့်ပုခုံးပေါ်ကို လက်တင်ပြီး ပြောလိုက်ပြီး ရီနေရင်းက တအားအား ထအော်တော့ သူတို့ လန့်ကာ ကြောင်ကြည့်နေမိပါတယ်။ စိမ့်က မင်းနိုင်စိုး လက်ကို လက်တစ်ဖက်နဲ့ ကိုင်ကာ လက်တစ်ဖက်က ခါးကို ထောက်ထားပါတယ်။ ပြီးတော့ မျက်နှာက ပြုံးပြုံးလေး သူမဟုတ်သလို ရုပ်နဲ့။

“ကျော်ကြီး လုပ်ဦး အား သေပါပြီ။”

ကျော်ကြီး စိမ့်နားကို လက်သီးပြင်ပြီး ကပ်သွားကာ မျက်နှာကို လှမ်းထိုး လိုက်ပေမယ့် စိမ့်က ခေါင်းကို အသာလေး ဖယ်ကာ ရှောင်လိုက်ပြီး ကျော်ကြီး လက်ပြင်ဖက်ကို တွန်းလိုက်ကာ နောက်ကနေ တင်ပါးကို ကန်ချလိုက်တာ အတော် လှမ်းလှမ်းကို လွင့်လို့ သွားတာမို့ အောင်ဒင်ရယ် ဖြိုးလေးရယ် ကျန်တဲ့ သူတွေပါ အနားကို ကပ်လို့သွားပါတော့တယ်။ မင်းနိုင်စိုးကတော့ အော်လို့ကောင်းနေတုန်း။

စိမ့်က သူ့လက်ထဲက မင်းနိုင်စိုးကို စောင့်တွန်းကာ လွှတ်ပေးလိုက်ပါတယ်။ ရှေ့ဆုံးက ဝင်လာတဲ့ တစ်ကောင်က ဝှိက်လက်သီးမို့ စိမ့်ရင်ဘတ်ကို နောက်ကို လှန်ပြီး အသာ ရှောင်လိုက်ရင်း ဘယ်ခြေက မြောက်ခနဲ အဲဒီ့ကောင်ရဲ့ ပေါင်ကြားသို့ ကွက်တိ။

“အူး……..။”

နောက်တစ်ကောင်က အောင်ဒင် ခြေနဲ့ ပြေးဝင်ကန်တာ ခြေကျင်းဝတ်ကို စိမ့်က ကိုင်ကာ ကျန်လက်တစ်ဖက်က ခါးကို လှမ်းကိုင်လိုက်ပြီး ဇတ်ခနဲ စောင့်ဆွဲပြီး စောင့်တွန်းလွှတ်လိုက်ပါတယ်။ အောင်ဒင် ခါးစောင်းကို ကိုင်ရင်း လူးလှိမ့်လို့နေပါတယ်။ နောက်ဝင်လာတဲ့ တစ်ယောက်က လက်ထဲမှာ ဒုတ်ကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားတာမို့ စိမ့် သူနဲ့ ကိုယ်လုံးချင်း ပြေးကပ်လိုက်တာမို့ သူရိုက်ခွင့်မရတော့ပေ။ သူ့လက်က အရင်းကနေ လက်နှစ်ဖက်နဲ့ အသာကိုင်ရင်း လက်ကို လက်ကောက်ဝတ်အထိ လျောချလိုက်တော့ သူနဲ့ စိမ့်က လူချင်းကပ်နေသလို လက်တွေက ဆန့်တန်းပြီး နေပါလေရဲ့။ သူရုန်းနေတော့ အသာလေး လွှတ်ပေးလိုက်ပြီး လက်မောင်းအရင်းက အစက်နေရာကို စိမ့်လက်သီး နှစ်ဖက်က စုံဝင်သွားပါတော့တယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now