"ရိပေါ်က သာမန်ခင်တဲ့မိတ်ဆွေအဆင့်မျိုးမဟုတ်ဘူးမား ဒီလောက်ပဲကျွန်တော်ပြောချင်သေးတယ် ပြီးတော့ အဲကလေးကို တစ်ခုခုလုပ်မယ်ဆိုတိုင်း ကျွန်တော်ကိုမြင်ယောင်ပါ ကျွန်တော်ကဒီတိုင်းကြည့်နေမှာမဟုတ်လို့"

ရှောင်းကျန့်ကပြောပြီးတာနဲ့ထထွက်သွားလိုက်သည်....။


...........



📱ရောက်ပါပြီ ကိုကိုး....

ရုံးခန်းထဲရှိနေတဲ့ရှောင်းကျန့်က နေ့လည်ထမင်းစားချိန်ရောက်တော့ ရိပေါ်ဆီ video call ခေါ်လိုက်တယ်....
ဖုန်းအဝင်လက်ခံလိုက်တဲ့ကောင်လေးက ထမင်းပလုတ်ပလောင်းစားနေပြီး ပါးတစ်ဖက်ကဖောင်းကားလို့ သူ့ကိုလက်ပြနှုတ်ဆက်ပြသည်...

📱 ဘာနဲ့စားလဲဝမ်လေး

📱အင်း...ဒီနေ့က ရေညှိဟင်းချိုရယ် ဝက်သားဟင်းရယ် ငြူတ်သီးစပ်ချက်ရယ် ကိုကိုးရော စားပြီးပြီလား

📱မစားရသေးဘူး အလုပ်တွေများနေလို့လေ ကိုယ်ကပုံမှန်မရှိပါဘူး

📱စားလေကိုကိုးရဲ့ အစာစားချိန်မမှန်ရင် အစာအိမ်ဖြစ်မှာပေါ့ ကျွန်တော်ကတော့လေ ပုံမှန်ထမင်းစားချိန်မှမစားရရင် ဗိုက်အောင့်သလိုလို ခေါင်းမူးလာသလိုလိုဖြစ်တတ်တာ

📱ဟုတ်လား ဒါဆို ဝမ်လေးကပိုသတိထားရမယ် ကိုယ်ကဘာမှမဖြစ်ဘူး ဒါနဲ့ ဝမ်လေးဘက်လိုင်းမကောင်းဘူးလား ဝါးနေလို့

📱လိုင်းကတော့ကောင်းတယ်ထင်တယ် ကျွန်တော့ဖုန်းကမော်ဒယ်လ်နိမ့်နေတော့ လိုင်းဆွဲအားမကောင်းတာဖြစ်မယ်

📱အင်း ဟုတ်ပါပြီ အာ့ဆိုဝမ်လေးဆက်စားနော် ကိုကိုးညနေကျလာကြိုမယ်

📱ဟင် ဘာလို့လဲ

📱တွေ့ကြမယ်လေ ဟိုတနေ့ကတွေ့ပြီးကတည်းက မတွေ့ရသေးတာမလား တစ်ခုခုလိုက်ကျွေးချင်လို့

📱အာ အားနာစရာကြီး ဟီး

ရိပေါ်နဲ့ဖုန်းပြောပြီးနောက် ရှောင်းကျန့်က ယွီပင်းကိုခေါ်လိုက်ပြီး....တစ်ခုခုမှာကြားလိုက်တယ်...

"လုပ်လက်စတွေထားပြီး ခုနပြောတာအရင်လုပ်လိုက်"

"ကောင်းပါပြီဘော့စ် ဒါဆို သွားခွင့်ပြုပါအုံး"

Falling For YouWhere stories live. Discover now